ဆီ နှင့် ဆိုးဆေး

ဆီကို တော့ ဆီသန့်ပဲ သုံးရဲတယ်။
ရန်ကုန်မှာနေတုန်းကတော့ ပဲပိစပ်ဆီ သုံးသလို capital hyper mart မှာ စင်ကာပူက လာတဲ့ ကြက်ဖ ပုံ နဲ့ တံဆိပ်ကို ၀ယ်သုံးတယ်။ ၅ ပိသာဗူးလောက်ရှိမယ်။

နေကြာစေ့ဆိုလည်း စားလို့ မရဘူး။ ဘာဖြစ်လို့မှန်း မသိဘူး။ နေကြာစေ့ တထုပ်ကုန်ခါနီးကျရင် နှာခေါင်းတွေက ယားလာတယ်။ 
တချို့ အစားအသောက်ကျတော့ မျက်တောင်မွှေးယားတာ။ မျက်လုံး ယားတယ် ထင်ပီး မျက်စိအပေါ်က ရှေ့ဆံပင် ရှည်နေလို့ ထင်ပီး မျက်လုံကို ခဏ ခဏပွတ်တာပေါ့။ 
နောက်မှ သိတာက ဆိုးဆေးပါတဲ့ အစားအသောက် တခု ခု သွားစားမိလို့ မျက်တောင် တို့ နှာခေါင်းတို့ ယားတာတဲ့။ 
ဆီမသန့်တဲ့ အစားအသောက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောတယ်။
ကြေးအိုးကျတော့ လည်း နောက်ပိုင်း ဆိုင်မှာ သွားမစားဖြစ်ဘူး။ 
အိမ်ကို ပါဆယ်ယူလာ။ အိမ်ကျရင် ရေနွေးထပ်ရောပီး ကြေးအိုး ကြာဇံအဖတ် နှင့် အသားတွေပဲ စားတယ်။ 
မုန့်ဟင်းခါးလည်း အဲလိုမျိုးပဲ အိမ်ကို ပါဆယ် ၀ယ်လာပီး အိမ်ကျရင် ရေနွေး ထပ်ရောလိုက်တယ်။ 
အချိုမှုန့် နဲ့ ချက်ထားတဲ့ အစားအသောက်တွေကို စားလည်း စားချင်တယ်။ 
အဲဒါတွေ စားပီး အကြောတက်မှာ ကြောက်တယ်လေ။
များသောအားဖြင့်က လက်ဖက် ၂ ပြန်ကြော်တွေ နဲ့ အရသာမှုန့် လွန်ကဲ ပီး စားလိုက်ရင် ပါးစပ်ထဲမှာ ချို ရဲ ရဲ အရသာ ကျန်နေတဲ့ အစားအသောက်တွေဆိုရင် စားပီးရင် ခေါင်းအုံတယ်။

ဇက်ကြောတက်တယ်။

ဇက်ကြောတက်လာရင် … ဇက်ကြော ကို နှိပ်။ မေးရိုးကို အဆင့်ဆင့်နှိပ်ပီး နှာခေါင်းနားဆီ၊ နားထင်က နေ အဆင့်ဆင့် နှာတံ ထိပ်နားဆီ နှိပ်ပေးမှ။ ပိတ်ဆို့နေတဲ့ လေ လေး ထွက်သွားပီး နေလို့ ထိုင်လို့ ကောင်းသွားတာ။ 

ကိုယ် သွားလေရာမှာ hand wash အမြဲ ပါ ပါတယ်။ လက်ကို ဆေး နေတတ်တာက နမိုးနီးယားရောဂါ ရမှာစိုးလို့ပါ။ 

အိပ်ရေးလည်း အပျက်ခံလို့ မရသလို၊ ကိုယ်ခံအားလည်း ကောင်းမှ ။ 

လူက ကျန်းမာတယ်။ ထင်ရပေမယ့် တခါတလေ အိပ်ရေးပျက်၊ အစားကောင်းကောင်းမစားရင် ကိုယ်ခံအားလည်း မကောင်းတော့ ကိုယ် အတွက် နမိုးနီးယားပိုး ပိုဝင်လွယ်ပါတယ်။ 
နမိုးနီးယားပိုးဝင်ရင် ကိုယ့် အကြောက်ဆုံးက ဦးနှောက်အမြေးပါး ယောင်မှာကိုပါ။

ကိုယ့်နာမည် ” သက် ” ဆိုတဲ့ အတိုင်း … ကိုယ် ငယ်ငယ်က အပြင်းဖျားရင် တက် တတ်တာမို့ … ကိုယ့် အတွက် နမိုးနီးယားပိုးက မ၀င်အောင် … ကြိုတင်ကာကွယ်နိုင်မှ တော်ကာကျတာပါ။
နမိုးနီးယားပိုးကြောင့် … ဦးနှောက်အမြေးပါး ယောင်ရင် ဦးနှောက် အပေါ်ယံ အရေအိတ်တွေ ကြီးလာလိမ့်မယ်။
အဲဒီ အခါ ဦးနှောက်ကို သွားဖိမိရင် မှတ်ဥာဏ် စွမ်းအားတွေ .. လျှော့နည်းလာလိမ့်မယ်။

ရန်ကုန်မှာ နေတုန်းက ကိုယ် အကြမ်းရေးထားတဲ့ ပိုစ့်ပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.