East Point Shopping Mall – Play Ground

East Point Shopping Mall က လျှောမှာ စီးပီး ဆင်းလာတဲ့အခါ အခုလိုမျိုး ဆံပင်လေးတွေ ထောင်နေတယ်။ လျှောစီးပီး ဆင်းလာတဲ့ သမီးကို မာမီ ကိုင်လိုက်တဲ့အခါ ဓာတ်လိုက်သလိုမျိုး မီးလေးတောင် ဖြတ်ခနဲ လတ်သွားပီး မာမီတောင် ကျင်သွားတယ်။

24.1.2011 က East Point Shopping Mall မှာ လျှောစီးနေတဲ့ သမီးလေး

ဒီဓာတ်ပုံတွေက East Point Shopping Mall ကို( 24.1.2011 ) က ဈေးဝယ်သွားရင်း …. သမီးနဲ့ သား အပေါ်ဆုံးထပ်မှာ ရှိတဲ့ ကစားကွင်း မှာ လျှောစီးပီး ဆင်းလာတဲ့အခါ သမီး နဲ့ သား ဆံပင်တွေက အခုလိုမျိုး ထောင်နေပါတယ်။ ပထမ မာမီလည်း မိဘတွေ ထိုင်တဲ့နေရာမှာ ထိုင်ပီး ကြည့်နေတာပါ။ ဒီကစားကွင်းက အသစ်လို့ ပြောလို့ ရတာပေါ့နော်။ ၂၀၀၉ ခုနှစ် သင်္ကြန် မတိုင်ခင်လောက်က ဒီ မောလ်ကြီး စဖွင့်စက ဟိုဘက်ခြမ်းက ဘောလုံးလေးတွေ ပါ play ground တစ်ခု နဲ့အတူ ဒီနေရာမှာ ရေပန်း ကစားကွင်း လုပ်ထားတာပါ။ ပီးခဲ့တဲ့ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာပဲ … ဒီနေရာမှာ အစက ဖွင့်ထားတဲ့ ရေပန်းကစားကွင်းကို ပိတ်ပီး အခုလိုမျိုး play ground အသစ်ကို ထပ်ဖွင့်ထားတာပါ။ ဒီ play ground ကစားတဲ့ ပစည်းတွေက စင်ကာပူက အိမ်ရာတွေမှာ ရှိတဲ့ play ground လို ပုံစံမျိုးပါ။

ကိုယ် နားလည်သလိုမျိုးဆို ဟိုဘက်က play ground က indoor အိမ်အထဲမှာ ကစားတဲ့ ဘောလုံးကလေး တွေ ၊ ဖော့ပြားတွေ၊ ၀ဏ်ကပါ ပုံစံမျိုးတွေ မို့ အထဲမှာ ကစားတဲ့ indoor play ground. အခု ဒီဘက်က play ground ကျတော့ outdoor playground ပုံစံမျိုး။

အဲဒီ play ground က လျှောစီးပီး ဆင်းလာတဲ့ သမီး နဲ့ သား ဆံပင်တွေက ထောင်နေတော့ မာမီလည်း ကင်မရာ ကိုင်ပီး ရိုက်တာပေါ့။ သမီး ကတော့ သဘောတွေ ကျနေတယ်။ မာမီက လျှောစီးပီး ဆင်းလာတဲ့ သမီးကို ကိုင်လိုက်တော့ မီးဖြတ်ကနဲ လတ်သွားပီး ထိလိုက်တဲ့ မာမီတောင် ကျင်သွားတယ်။ ဓာတ်လိုက်သလိုမျိုး ဖြစ်သွားတယ်။

ဒါနဲ့ အဲဒီက staff ကိုမေးကြည့်တယ်။ ” အမ ဘာမှ မဖြစ်ပါဘူး။ ဓာတ်လိုက်တာ မဟုတ်ပါဘူး။ လျှောစီး ပီး ဆင်းလာတော့ ဖိုင်ဘာပြားတွေ က ပွတ်အားကြောင့် ” လို့ ပြောတယ်။ ပီးတော့ နောက်တယောက်က ” ပန်ကာကြောင့် ” လို့ ပြောတယ်။ သူတို့ ” maintainese ကို အကြောင်းကြားပီးပီ။ အဲဒါ သူတို့လည်း လာကြည့်ပီးသွားပီ။ ဘာမှ စိုးရိမ်စရာမလိုဘူးလို့ ပြောတယ် အမ။ “

မာမီလည်း ခဏလောက် သမီး နဲ့ သားကို ခဏ ပေးဆော့တာပေါ့နော်။ ၁၀ မိနစ် ကြာတော့ သေချာပါတယ် လုံးဝ ပုံမှန် မဟုတ်တဲ့ ကစားကွင်းပါ။ တခု ခုတော့ လွှဲနေတာ အမှန်ပါပဲ။

(မှတ်ချက်။ ။ အဲဒီ အချိန် ကာလက စိတ်ပူပန်မှုလေးတွေပါ)

ဖိုင်ဘာ လျှောပေါ့နော်။ သူ ကို စီးတဲ့အခါ ဆံပင်တွေ က ဓာတ်ပစည်းတခု ခု ကို ကိုင်သလိုမျိုး ထောင်နေတာ။
လေတိုက်လို့ ဆိုတာ လေတိုက်တဲ့ ဆံပင်က အဲလိုမျိုးမှ မဟုတ်တာ။
နောက်တခု ဖိုင်ဘာလျှောမှာ ပွတ်တိုက်များလို့ ဒီလို ဆံပင်ထောင်တယ် ဆိုတာ။ မယုံနိုင်ဘူး။

သားကျတော့ အဲဒီ လျှော စီးတာ လျှောအစ မှာကတည်းကိုက ဆံပင်လေးတွေက ထောင်နေတယ်။ ဒူးရင်းသီး ကျနေတာပါပဲ။ ထောင်နေတဲ့ ဆံပင်လေးတွေက။

မာမီ အဲဒီ အချိန်မှာ ဓာတ်ပုံလည်း မရိုက်နိုင်တော့ပါဘူး။ ခေါင်းထဲမှာ ပူပန်မှုတွေနဲ့ ပြည့်နေလို့ပါ။

ဥပမာ – သားသားက နောက်ပိုင်း diaper မ၀တ်တော့ပါဘူး။ ၂ နှစ်ခွဲလောက်ကတည်းက အပြင်သွားရင် မ၀တ်တော့ပါဘူး။ သူ့ဘာသာ သူ့ အိမ်သာ သို့မဟုတ် ဘောင်းဘီမှာ ပေါက်ချတတ်ပါတယ်။ မတော်လို့များ။ မာမီ က တော့ လူကြီးတွေ ထိုင်တဲ့နေရာမှာ ထိုင်ပီး စောင့်နေတာပေါ့နော်။ သားသားက ကစားကွင်းထဲမှာ ဘောင်းဘီထဲ သေးပေါက်ချပီး သေးစို ဘောင်းဘီ နဲ့များ အဲဒီ လျှောကို စီးမိရင် ………. တော်ကြာ ဓာတ်လိုက်သွားရင် … ဓာတ်စီးနေရင် အနားလည်း ဘယ်သူမှ ကပ်လို့မရ။ မိန်းဆွိစ်ကို မြန်မြန်ဆန်ဆန် ချဖို့။ အမလေး တွေးရင်းနဲ့ တော်တော် ခေါင်းနပန်းကြီးတာ။

(ကလေး ဓာတ်လိုက်နေရင်တော့ သူ့ကိုင်တဲ့ အရာကိုပဲ ကိုယ် ခုံ နဲ့ ရိုက်ပီး ဓာတ်စီးတာ ခွာချမှာပေါ့နော်။ အကောင်းဆုံးကတော့ ဓာတ်လိုက်မယ့် အရာတွေကို စကတည်းက ဝေးဝေးရှောင်တာ အကောင်းဆုံးပါ)

မာမီလေ သိတယ်မလား။ နဂို အခံ သား နဲ့ သမီးကို စိုးရိမ်လွန်တတ်တဲ့ မာမီဆိုတော့ လည်း …………….

(အဲဒါ 24.1.2011 က အတွေးပါ။)

( အခုတော့ သားသားက အိမ်သာမှာ သေးပေါက်တတ်သွားပါပီ။

ဒယ်ဒီ သင်ပေးလိုက်တာ 😛 )

ရေပန်း ကစားကွင်း ဘာလို့ ပိတ်လိုက်တာလည်း မေးကြည့်တော့ ” လူမလာလို့ ” တဲ့။ ” ရေက ညစ်ပတ်တယ် ပြောလို့ ” တဲ့။ အခု ပြောပြတဲ့ ၀န်ထမ်းက အသစ်ပါ။

ဘာမှန်းမသိတဲ့ ပုံမှန် မဟုတ်တဲ့ လျှောလို့ ပြောရမလား။ အဲလို ကစားကွင်းမျိုး ကစားတဲ့ လျှောမျိုး ရန်ကုန်မှာ အများကြီးပါပဲ။ ဒီလိုမျိုး လျှောစီးပီး ဆင်းလာတဲ့ အခါတိုင်း ဆံပင်တွေ အခုလိုမျိုး ထောင်မနေပါဘူး။

ဒီ ဓာတ်ပုံတွေက 2010 ILBC Science Fair မှာ သမီးလေး Steel ball လုံးလေး ကိုင်လိုက်ရင် ဆံပင်တွေ ထောင်နေတဲ့ ဓာတ်ပုံပါ။ ဆံပင်တွေ အဲလိုမျိုး ထောင်ဖို့ ဆိုတာက လျှပ်စစ် ဓာတ် ပါမှပဲ ရမှာပါ။ တော်ရုံ နဲ့ ထောင်မယ် မထင်ပါဘူး။

မာမီ ဓာတ်လိုက်သလို ကျင်သွားတဲ့ ပုံစံက အိမ်မှာ ထမင်း ချက်တဲ့ အိုးက ကွိုင် မကောင်းရင် မီးဖွင့်ထားတဲ့ အချိန် ထမင်းအိုးကို ကိုင်မိရင် ဓာတ်လိုက်သလို ကျင်သွားတဲ့ ပုံစံမျိုးပါ။

မာမီလည်း အဲဒီ ကစားကွင်းက အပြန် တော်တော် အတွေးနယ်ချဲ့သွားတယ်။ ဘာကြောင့်လဲး ဖိုင်ဘာ ပြားက ဘာလို့ ဓာတ်လိုက်သလို ဖြစ်နေတာလဲး။ ဆံပင်တွေ ဘာကြောင့် ထောင်နေတာလဲး ။

24.1.2011 က ကြုံခဲ့တဲ့ အတွေ့အကြုံနဲ့အတူ စဉ်းစားမိခဲ့တဲ့ အတွေးများဖြစ်ပါတယ်။

ဒါပေမယ့် 7.4.2011 မှာ USA ကို ရောက်ပီး ဒီက playground တွေ ကစားတဲ့အခါမှာလည်း တခါတလေ ကလေးတွေ ဆံပင်ထောင်နေတတ်တယ်။ သားသားက သိပ်မသိသာဘူး။ သမီး ဆံပင်တွေက ထောင်တယ်။ နည်းနည်းလေးထောင်တာပါ။ အဲဒီ ကစားကွင်းကလောက်တော့ မထောင်ဘူး။ ဖိုင်ဘာပြားကနေ လျှောစီးပီး ဆင်းလာရင်လည်း သူတို့ကို ကိုင်လိုက်ရင် ဓာတ်လိုက်သလိုမျိုးလေး တခါတလေ ဖြစ်တယ်။ ဒီမှာကျတော့ သူတို့က လျှောစီးလိုက်။ ဒန်းသွားစီးလိုက်။ စီးဆော see saw သွားစီးလိုက်။ စိန်ပြေးတမ်းကစားလိုက်နဲ့မို့ လျှောက ဖိုင်ဘာပြားနဲ့ သိတ် မထိတွေ့ဘူး။ ဖိုင်ဘာလျှောစီးမှ အဲလိုမျိုးလေးတွေဖြစ်တာ။

ဒီက လျှောက မြေကြီးမှာ ချစိုက်ထားတာပါ။

ဖိုင်ဘာပြားက ပွတ်အားကြောင့်များလား။

လျှောစီးပီး ဆင်းလာတော့ လေအေးတိုက်နေလို့လား။

East Point Shopping Mall က Outdoor Playground က လျှောကို  ကြမ်းပြင် သမန်းတလင်း မှာ တပ်ဆင်ထားတာပါ။ အခန်းက အလုံပိတ်လည်း မဟုတ်ဘူး။ အပြင်လေတွေ ၀င်ပါတယ်။ နေပူတဲ့အချိန်ဆို လေပူပေါ့။ ညနေစောင်းဆို လေအေးပေါ့။ ကြမ်းပြင်ကနေ လျှပ်စီးနေရင်တော့ မသိဘူး။ (ကိုယ့်ထင်တာ ပြောတာ)

ဒါ လွန်ခဲ့တဲ့ ၂လ ကျော်လောက်က ကြုံခဲ့ရတာ

အခု စဉ်းစားကြည့်ရင် စိတ်ပူစရာ မလိုလောက်ဘူးလို့ ထင်တယ်။ east point shopping mall အပေါ်ထပ်မှာလည်း လူနေအိမ်ခန်းတွေ ရှိတော့ အဲဒီ အဆောက်အုံက ကွန်ဒို အမျိုးအစားမို့မိုးကြိုးလွှဲလည်း အပေါ်မှာ ထောင်ထားမှာပါ။ မီးကြိုးတွေလည်း underground ချထားမှာပါ။

ကိုယ့်တို့ ရွှေမှာနေတုန်းက ရန်ကုန်မှာ တခါတရံမှာ မိုးကြိုးပစ်တတ်ပေမယ့် မိုးကြိုးပစ်ရင် စလောင်းပိတ်ရ၊ ကွန်ပြူတာ အင်တာနက် ပိတ်ရနဲ့။ ကိုယ်ကတော့ မပိတ်ဘူး။ မီးကြိုး အားလုံးကို underground ချထားပလိုက်တယ်။ တော်သေးတယ် ဘာမှ မဖြစ်လို့။

မင်္ဂလာဒုံဘက်မှာတော့ မိုးကြိုးပစ်တာ စလောင်းကော၊ တီဗီကော ကြွသွားသလို တချို့ မြို့ထဲက အိမ်တွေလည်း အင်တာနက်ချိတ်ထားလို့ laptop ကြီး ကြွသွားတယ် ကြားတယ်။

မိသားစု အမှတ်တရ အချိန်လေးတွေ ထဲက East point shopping Mall သွားခဲ့တဲ့ web site link လေးများ

 12/4/2009 East Point Shopping Mall – Water Play Ground

10/10/2009 East Point Shopping Mall – Water Play Ground

10/10/2009 East Point Shopping Mall – Indoor Play Ground

East Point Shopping Mall – Suki

East Point Shopping Mall – Japan Muffin

Advertisements

4 comments on “East Point Shopping Mall – Play Ground

  1. အရင်က အလုပ်မှာ အဝတ်တွေကိုကိုင်လိုက်ရင်
    ဓါတ်လိုက်သလိုကျင်သွားတတ်ပါတယ်။
    ဆောင်းတွင်းမှ ဖြစ်လေ့ရှိပါတယ်.။
    တချို့အဝတ်အစားတွေရဲ့ ဓါတ်သဘာဝကြောင့်များလားမသိ။
    တချို့လူတွေရဲ့ ကိုယ်ခန္ဓာကလဲ ဓါတ်လိုက်တတ်ပါတယ်။
    ဆောင်းတွင်းမှာပဲ ဖြစ်တတ်တယ်..။
    ကိုယ်က အမှတ်မထင်ထိမိရင် ကိုယ့်ကို ဓါတ်ပြန်လိုက်ပါတယ်။

    • ဆောင်းတွင်းမို့လို့နဲ့တူတယ်။
      အရင်ကစားကွင်းတွေတုန်းက အဲလိုမျိုး မကြုံဖူးဘူးလေ။
      ကစားကွင်းတော်တော်များများက မိုးလုံ လေလုံ အဲယားကွန်းနဲ့ကြီးပဲ။
      ဒီကစားကွင်းကျမှ အဲလိုမျိုးလေး ကြုံတော့ ထူးဆန်းနေတာပေါ့နော်။
      အခုတော့ စိတ်မပူတော့ပါဘူး။

  2. ဓာတ်လိုက်တာမျိုးကတော့ဖြစ်တတ်ပါတယ်အစ်မ..။ ကလေးလျှောစီးတာကတော့ စိုးရိမ်စရာမရှိဘူးထင်တယ်.. လျှောကဖိုင်ဘာပြားရယ်..လျှောစီးလာတဲ့ကလေးရဲ့အင်္ကျီနဲ့ ဖိုင်ဘာနဲ့ပွတ်အားကြောင့် Static Charge ဖြစ်ပြီးဆံပင်တွေထောင်ပြီး.. နောက်လျှပ်ကူးတတ်တဲ့ လူ့ကိုယ်နဲ့ထိမိတဲ့အခါ Discharge ဖြစ်ပြီး အစ်မပါဓာတ်လိုက်တာပါ..။ ကြာကြာစီးပြီးမှ သွားထိရင်ပိုပြင်းတယ်.. charge တွေစုလာတာများလို့ပါ..။ ပြီးရင်စီးတဲ့ဖိနပ်ကြောင့်လည်းဖြစ်နိုင်တယ်..ဖိနပ်နဲ့ကြမ်းပြင်ပွတ်အားကြောင့် charge တွေကိုယ့်ကိုယ်မှာစုပြီး နောက်တစ်ယောက်ကိုသွားထိလိုက်တော့ discharge ဖြစ်ပြီး ဓာတ်လိုက်သလိုခံစားရတာဘဲ..။ ကျွန်တော်လည်း ခဏခဏလိုက်တယ်..တံခါးဘုကိုင်တာ ဓာတ်လိုက်ပြီး ဘောက်ကနဲ့အသံတောင်ထွက်တယ်..။

    • အခုလို ရှင်းပြပေးတာ ကျေးဇူးပါ။
      ကလေးတွေက MR.Bean … mr.bean ဆိုပီး တယောက်ကို တယောက် သဘောတွေကျပီး ထပ်ခါ ထပ်ခါ စီးနေတာလေ။
      တခါတလေ လျှောအဆင်း အောက်နားမှာ ကလေးတွေ အချင်းချင်း ထပ်မိကျတော့ တယောက်နဲ့ တယောက် ထိသွားတော့ ဓာတ်လိုက်ပီး သူတို့ နာကျတယ်လေ။ နင့်ငါကို ရိုက်တယ် ဘာဖြစ်တယ် အဲလိုမျိုးလေးတွေပေါ့။
      သားသားဆို ကလေးတွေ ဆံပင်ထောင်နေတာကို လက်ညိုးထိုးပီး သဘောတွေကျနေတာလေ။
      သားသား ဆံပင်က ပိုဆိုးသေး။ ဒူးရင်းသီးကျနေတာပဲ။ လျှောနဲ့ မထိရင် မထောင်ဘူး။ လျှောစီးပီး ဆင်းလာ။ နောက် လျှော လှေကားကို တက်ရင် ဆံပင်က ပုံမှန်။
      လျှောအစလည်း ရောက်ရော ဆံပင်တွေက ပြန်ထောင်လာရော။
      ဖိုင်ဘာလျှောက သူ့ကို ပွတ်တိုက်ပါ များလာလို့ လျှပ်ကူးတာနဲ့တူတယ်နော်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.