Angel’s birthday dinner

သမီးလေး Angel မွေးနေ့ … မနက်ကို မာမီတို့ junction center မော်တင် ကိုသွားတယ်။ ရောက်ရောက်ချင်း ဆူရှီ စားကြတယ်။ စုစုပေါင်း ရှင်းလိုက်ရတာက ၁၂၀၀၀ ကျပ် ။ ပီးတော့ သမီး နဲ့ သားလေး ကစားကွင်းထဲမှာ ဆော့။ ကစားကွင်း ၀င်ကြေးက တစ်ယောက်ကို ၅၀၀ ကျပ်။ ဂိမ်းတွေ ဆော့တာ တစ်ကွိုင်ကို ၁၀၀ကျပ်။ ၃၀၀၀ ကျပ် ဖိုး ၀ယ်ပေးလိုက်ရင် တော်တော်ဆော့ရတယ်။ ပီးတာနဲ့ ကစားကွင်း ရှေ့က ice cream bar မှာ ရေခဲမုန့် စားကြတယ်။ အရင်တုန်းက ရေခဲမုန့်က တပွဲကို ၇၀၀ ကျပ် အခုက ၈၀၀ ကျပ် ဆိုတော့ ၃ ပွဲ ၂၄၀၀ ကျပ်။ ရေခဲမုန့်ကို ခွက်ပုံစံ ဝေဖာခွက်ထဲ ထည့်စားတာ ဆိုတော့ မော်တင် မောလ် ရောက်တိုင်း ၀င်စားဖြစ်တယ်။ ပီးရင် အာလာဒင် ကစားကွင်းသွားဆော့တယ်။ အဲဒီမှာ ဂိမ်းဆော့တဲ့ ကွိုင်က တစ်ကွိုင်ကို ၁၀၀ ကျပ် ၄၀၀၀ ကျပ် ဖိုးလောက် ၀ယ်ပေးလိုက်တယ်။ ဆော့ပီးတာနဲ့ ကစားကွင်းရှေ့က ဆိုင်မှာ ပြောင်းဖူးပေါင်းနဲ့ မုန့်ဟင်းခါး စား။ အိမ်ပြန်။

ည ကျမှ Signature restaurant မှာ ညစာ သွားစားကြတယ်။ ညစာ စားပီးမှ ရွှေတိဂုံ ဘုရားသွားဖူး။ 11.1.11 ည ဘုရားမှာ ဆရာ သမားတော်ကြီး ဒေါက်တာ ဦးခင်မောင်ဝင်းက ဆီးမီးပူဇော်ထားတာမို့ ဆရာကိုလည်း ရွှေတိဂုံ ဘုရားမှာ တွေ့တယ်။

အစားအသောက်တွေ မှာထားတုန်း အစားအသောက်တွေ မလာသေးခင် သားသားနဲ့ သမီးက ဆော့နေကြတာ။ ကုလားထိုင်က ခေါင်းအုံး နဲ့ ဆော့နေကြတာ

သားသား လက်ကိုင်ပုဝါ နဲ့ ဆော့နေတာ

သားသား က လက်ကိုင်ပုဝါကို ထမင်းစားရင် ပေါင်ပေါ်မှာ တင်ပီး စားတာကို လုပ်နေတာလေ။

ဆိုင်အခင်းအကျင်း

အခန်းကန့်ထားတဲ့ ကနုတ်ပန်းအလှ

အဲဒီဆိုင်မှာ မနက်စာလည်း ရတယ်။

နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံဘောင်တွေကိုတော့ စိတ်ဝင်စားတယ်။

သားသား peace ပုံစံ လက်ချောင်းထောင်ဖို့ လက်ချိုးကြည့်နေတာ။

မမ အိန်ဂျယ်က ဓာတ်ပုံရိုက်တိုင်း peace sign လုပ်တတ်လို့ သားသားက သူ့ လက်ချောင်းလေးတွေကို ကွေးပီး လုပ်တတ်သလို လေး နေ နေတဲ့ ပုံစံ

သားလေး peace ပုံစံ လက်ချိုးဖို့အတွက် လက်ချောင်းလေးတွေကို ချိုးမရလို့ လက်နဲ့ ကိုင်ပီး ချိုးကြည့်နေတာ။

Hawaii Pizza - 7500 Kyats , Pizza Corner က Hawaii Pizza ကို ပိုကြိုက်တယ်။ bacon, pineapple, chese ဂျုံသားက ထူထူလေး ပိုစားကောင်းတယ်။ Regular size ကို ၈၀၀၀ ကျပ် ။

Prown Satay - 6500 Kyats

surf N Turf - 14000 Kyats

အားလုံး စုစုပေါင်း 40200 ကျတယ်။
coke = 3000 (2ဗူး) + ပုဇွန် နဲ့ အမဲသားကင်က ၁၄၀၀၀ + ပြောင်းဖူး ကော်ရည် ဟင်းချို = ၂၅၀၀ + Hawaiian Pizza = 7500 + Prown satay = 6500 + gov tax 10% 3350 + service tax 10% = 3350 = 40200 kyats

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.