Classroom

Smart board , အောက်နားမှာ maker လေးတွေနဲ့ ….

အပေါ်က စာသင်နေရင်း smartboard သုံးတာက ဂူဂယ်က ပုံ။ credit ; google pic

တီချယ် ကွန်ပြူတာ …

ကွန်ပြူတာ နဲ့ smart board ချိတ်ထားတော့ သမီး ကျောင်းစ တက်တဲ့နေ့က intro မှာ မြန်မာက လာတယ် ဆိုတာ ပြောတော့ တီချယ်က google map မှာ ရှာတယ်။ Myanmar ကို google map ကတော့ သိတဲ့ အတိုင်းပါပဲ။ ကားလေးတွေတောင် မြင်ရတာလေ။ အဲဒါ မြန်မာကို google map မှာ ရှာတော့ Pagoda တွေ အများကြီး … ရွှေရောင်တောက်ပ နေတာကို တတန်းလုံးက အံ့သြနေကြတယ်။ ကရ၀ိတ်ကို လည်း မေးကြတယ်။ ဘာကြီးလည်း ရေပေါ်မှာ တ၀င်းဝင်းနဲ့ ဆိုတော့ သမီးက boat ဆိုတော့ ကလေးတွေက သဘောကျနေတယ်။ Golden Land ဆိုတော့ Angel သူငယ်ချင်းတွေက လက်ခံတယ်။ Google map က နေ ကြည့်လိုက်ရင် ဘယ်နေရာ ကြည့်ကြည့် ရွှေရောင် တ၀င်းဝင်းနဲ့ ဖြစ်နေတာကိုး။

ILBC ကျောင်းက လာတယ်ဆိုလို့ Google Map မှာ Teacher က ILBC ကို ရှာသေး တယ်။ ခေါင်မိုးလေး မြင်ရတယ်တဲ့။

သမီး မျက်နှာက chinese ဖြစ်နေတော့ China က လာတယ် ထင်နေကြတာ။ ဒီမှာတော့ Asian တွေလည်း များတယ်။ အဖြူတွေ များတယ်။ ခင်လည်း ခင်တတ်ကြတယ်။ မိတ်လည်း ဖွဲ့တတ်ကြတယ်။

အတန်းထဲက ပရိုဂျက်တာ။ ILBC မှာလိုမျိုးပဲ တခါတလေ Projector နဲ့ ရုပ်ရှင်တွေ ကြည့်ရတယ်။ ILBC မှာတုန်းက Media room သီးသန့် ရှိတယ်။ ဒီမှာတော့ အတန်းထဲက smart board ပေါ်မှာပဲ ပရိုဂျက်တာနဲ့ ပြတာ။

Mother day ballon

တစ်ယောက်ကို locker တခု စီ။ သမီး locker number က 77 ။ သူက အဝေးကနေ သိသာထင်ရှားဖို့ စာရွက် အသေးသုံးထားတာတဲ့။ ကိုယ်တို့ ခရီးသွားရင် ခရီး အိတ်မှာ ဖဲကြိုးတို့ အိတ်မှာ လိပ်စာ ကတ် တို့ ချိတ်ထားတော့ bag gate မှာ အိတ်ကို ရှာရင် သိသာထင်ရှားနေသလို ပွဲတွေ သွားတဲ့အခါ ကား အများကြီး ရှိတဲ့ ကားဝင်းမှာ ကားရပ်ထားရင် ကား ရေဒီယိုတိုင်မှာ ဖဲကြိုး တွေ ချည်ထားတတ်တော့ သူ့ကလည်း သူ့ရဲ့ locker picture ကို သူများနဲ့ ကွဲပြားအောင် လုပ်ထားလိုက်တာ။

ဒါက အတန်းထဲက သူငယ်ချင်းပဲ။ locker တွေက အခန်းအပြင်မှာ ထားတယ်။

ကျောင်းဆင်းရင်တော့ ခုံတွေ ၀ိုင်းပီး ထပ် သိမ်း ကြတယ်။


ဒါက အတန်းထဲက အရုပ်။

သမီး အတန်း စတက်တဲ့ နေ့က ခုံတွေကလည်း ပြန့်ကျဲ ဘေးပတ်ပတ်လည်မှာလည်း နံ၇ံကပ် စားပွဲတွေ ပတ်လည်နဲ့ စာအုပ်စာတမ်းတွေ များများ၊ သူ့ နေရာ ရောက်ဖို့ ဘယ်လို လျှောက်ရမှန်းတောင် မသိဘူး။ ရှုပ်ပွနေတာပဲတဲ့။ 😛

ကျောင်းဆင်းတော့ မိဘတွေ လာကြိုတာလေ။

ပီးခဲ့တဲ့ အင်္ဂါနေ့က သမီး trip သွားဖို့ မိဘကို ဆိုင်းထိုးတဲ့ စာရွက် ကျောင်းက ထည့်ပေးလိုက်တယ်။ အဲဒီ စာရွက်မှာ ကိုယ့်ကလေး concert trip ကို လိုက်ဖို့ သဘောတူကြောင်းနဲ့ အဲဒီမှာ ဆရာဝန် အလွယ်တကူ ခေါ်မရတဲ့အတွက် ကိုယ့်ကလေးရဲ့ Health insurance နံပါတ် ဖြည့်ပေးပါ။ တခု ခု ဆို ကလေး နေမကောင်းရင် သူတို့က Ambulance ခေါ်ပေးမယ်။

ဒါနဲ့ ကျောင်းကို လိုက်သွားတာပေါ့။ သမီးကိုတော့ မှာလိုက်တယ်။ trip အတွက် ပိုက်ဆံ $3.50 ပေးရင်း Angel အခုမှ အမေရိကားကို ရောက်တာ ၃ ပတ်ကျော်ပဲ ရှိသေးကြောင်း။ Health Insurance မလျှောက်ရသေးကြောင်း၊ မာမီကတော့ ဆိုင်းထိုးပေးလိုက်တယ်။ Health Insurance No မှာ မဖြည့်ဘူး။

ကိုယ့်တို့ ကလေးကို ကျောင်းသွားမကြိုခင် သမီးကို တီချယ်က You can go to trip ဆိုပီး စာရွက် ယူတယ်။ ပိုက်ဆံ ယူပီးသွားပီး။ ဒါပေမယ့် ကျောင်းကို မိဘတွေ လိုက်လာပီး ထပ်ပြောတော့ သူ့တီချယ်က သဘောကျသွားတယ်။

ဒီဘက်က ကျောင်းတွေက Art နဲ့ creating ကို အရမ်းဦးစားပေးတယ်နော်။ Angel ကျောင်းစတက်တဲ့နေ့က အတန်းထဲမှာ လက်တန်း ရေးပြလိုက်တဲ့ Story book ကို တီချယ်တွေ လက်ဖျားခါသွားတယ်။

ကင်မရာက concert မှာ ရိုက်ဖို့ပါ။ ဒါပေမယ့် concert က ရိုက်လို့ မရဘူး။ ဒါနဲ့ သမီးက classroom နဲ့ ကျောင်းကား လမ်းတလျှောက်ကို ရိုက်လာပါတော့တယ်။

ILBC က တီချယ်များ နှင့် သူငယ်ချင်း အချို့ကိုတော့ Facebook မှ တဆင့် တွေ့နေရလို့ တော်ပါသေးတယ်။ အလွမ်း သက်သာတာပေါ့။ သူ့တို့ရဲ့ update status လေးတွေလည်း သိရတော့ အဆက်အသွယ်မပြတ်သွားဘူးပေါ့။

We are miss ILBC school, ILBC teachers and ILBC friends.

ILBC shool မှာ တက်ခဲ့တဲ့ classroom ဓါတ်ပုံများ ၀ပ်ဆိုဒ်

https://picasaweb.google.com/angelmgmg/2009ILBCWarsoJuly309Pri2E#

https://thiriyatanar.wordpress.com/2009/09/23/homage-paying-ceremony/

Primary II classroom ILBC

https://thiriyatanar.wordpress.com/2009/12/15/angels-classroom-xmas-cake/

https://picasaweb.google.com/thetyadanarlatt/11110AngelBD#

Advertisements

4 comments on “Classroom

  1. lovely Angel…She is very clever n pretty like mother…
    Thanks for sharing …I love to read it…i visit here everyday..
    “Happy Mother Day to you “

  2. ဒီမှာလဲsmart board ပေါ်မှာဘဲ ပရိုဂျက်တာနဲ့ ပြတာပဲ..။
    သီးသန့်ခန်းတော့ မရှိဘူး..။
    ကျနော်က ဗုဒ္ဓဟူးနေ့မနက်တိုင်း ပုံပြင်ပြောတာ လိုက်တော့
    ကားတိုလေးတွေ ဘာလေးတွေပြရင် တွေ့နေရတယ်။
    ဒီမှာတော့ အမှတ်ကို သိပ်ဦးစားပေးတယ်။
    အဆင့်ကိုဦးစားပေးလွန်းတယ်..။
    ဆိုတော့ ကလေးတွေ စိတ်ဖိစီးရတယ်..။

    • ကိုယ့်တို့က အခုမှ ရွှေကနေ တက်လာတာ ဆိုတော့ Smartboard ကို အခုမှ မြင်ဖူးတာလေ။ 😛
      ရန်ကုန်မှာတော့ white board ပဲ သုံးတာ။
      us school … ရုပ်ရှင်က Nemo ပြတာ။
      ILBC မှာတုန်းက old stone age man , dianosaur တို့ကို ကျောင်းစာအုပ် သမိုင်းဘာသာမှာ သင်တော့ dianosaur ကားတို့ ice ages ကားတို့ ပြတယ်။ ရုပ်ရှင် အခန်း သီးသန့် ရှိတယ်။ ILBC မှာတုန်းက။
      ဒီကို မထွက်လာခင်ကတည်းက ကြားနေတာတွေက ကလေးတော်တော်များ ILBC မှာတုန်းက A တွေ ရနေပီး ဒီကိုရောက်တော့ ပေါ့သွားတတ်တယ် လို့ ကြားဖူးတယ်။ ဒါပေမယ့် သမီးကို ကျောင်းက ပြန်လာရင် homework လုပ်၊ youtube ကနေလည်း learning vedio တွေ ကြည့်တယ်။ worksheet တွေလည်း ပရင်တာထုပ်ပေးပီး သူ့ကို လုပ်ခိုင်းတယ်။ လောလောဆယ် ကျုရှင် ဆိုတာ ဒီစတိတ်မှာ မကြားဖူးသေးတော့ မထားရသေးဘူး။ နောက်နှစ်တော့ တမျိုးပေါ့။ ကယ်လီဖိုးနီးယားဘက်မှာတော့ ကျုရှင် ရှိတယ် ကြားတယ်။ push ကတော့ သူ တတ်နိုင်သလောက်ပေါ့နော်။
      ရိုက်တော့ မရိုက်ဘူး။ ရန်ကုန်မှာကတည်းက ပေါ့။ သူတို့ ၂ယောက်စလုံးက ရိုက်ဆုံးမလို့ မရဘူး။ ရိုက်ရင် ပိုဆိုးတယ်။ ပါးစပ်နဲ့ နားလည်အောင် ပြောပြရင် ရတယ်။
      ဒီမှာတော့ မရိုက်ရဲပါဘူး။ တော်ကြာ ဘေးအိမ်က ဖုန်းဆက်တိုင်လိုက်ရင် အမလေး တန်းနေတာပဲ jail 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.