Chicken Rice

သမီး နဲ့ သား ကြိုက်တဲ့ ကြက်ဆီထမင်းကို ဒီနေ့ ချက်တယ်။ ကြက်သားတုံးတွေကို ဆား၊ သကြား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီးတော့မှ ပဲငံပြာရည် အကျဲ ထည့်ပီး ထပ်နှယ်၊ ခဏ နှပ်ထားလိုက်ပီးတော့ ကြက်သွန်ဖြူ ၊ ဂျင်းထောင်း၊ ပီးတာနဲ့ အိုးတစ်လုံး ထဲ ထည့်ပီး ပြုတ်ထားလိုက်တယ်။

ဒယ်အိုးထဲ ဆီ နည်းနည်းထည့် ပီးရင် ကြက်အရေခွံ ထည့်ကြော်လိုက်တယ်။ ပုံထက် ကြက်အရေခွံက ၂ ဆကျော်လောက် ရှိတယ်။ ကြော်လိုက်တော့ ကြက်အရေခွံက ကျုံသွားတာ။ မာမီ အကြိုက်ပေါ့။ ကြက်အရေခွံကို အကြော်မှုန့်နဲ့ ကပ်ပီး ကျော်တာကိုလည်း ကြိုက်တယ်။

ကြက်အရေခွံကြော်ပီးရင် ဆယ်ထားလိုက်ပီး ပါးပါးလှီးထားတဲ့ ကြက်သွန်နီထည့်၊ ဆေးထားတဲ့ ဆန်ထည့်ပီး လှော်လိုက်ပါတယ်။ ပီးရင် Rice cooker ထဲမှာ ဆန်လှော်ကို ထည့်၊ ကြက်ပြုတ်ရည် ကို ထည့် လိုက်ပီး ချက်လိုက်တယ်။ ထမင်း ကျက်သွားပီး warm ခလုပ် တက်လာတဲ့ အချိန်ကျမှပဲ  ကြက်သားပြုတ်ကို ထည့်ပီး ငရုတ်ကောင်းမှုန့်လေး ဖြူးလိုက်ပါတယ်။

သမီးကတော့ ကြက်သားတုံးလေးတွေကို tomato sauce နဲ့ တို့စားတတ်ပီး။ မာမီကတော့ ပဲပုပ်ချက် နဲ့ တို့စားတယ်။

ချဉ်ပေါင်ဟင်းရည် အဖြူထည် (ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါးပါးလှီး၊ ချဉ်ပေါင်ရွှက်၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်း၊) နဲ့ ခပ်ရိုးရိုးလေး ချက်ထားတဲ့ ချဉ်ပေါင်ဟင်းရည် အဖြူထည်။ ငံပြာရည် မထည့်ဘူး။ ဆားနဲ့ ခပ်ရိုးရိုး ချက်ထားတဲ့ အအီပြေ ချဉ်ပေါင်ဟင်းရည်။

ပဲပုပ်အစို

သားလေး အိပ်နေတာ။ သူရဲ့ ချစ်ဒယ်ဒီ နဲ့ တထေရာတည်းပဲ။ အဖေတူသားလေး။ ရီတဲ့ အချိန်တွေက အမေတူတယ်။ သမီးလေးလည်း ရီရင် အမေတူတယ်။

အခုနောက်ပိုင်း တီဗီရှေ့၊ အင်တာနက်ရှေ့မှာပဲ ထမင်းစားဖြစ်နေတယ်။ တီဗီကြည့်ရင်း စားနေတဲ့ မိသားစု သားအမိတွေ စားတဲ့ ထမင်းဝိုင်းလေး။

ပဲပုပ်ချက် (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအနှစ်၊ ပုဇွန်ခြောက် နဲ့ ဆီသတ်ပီးတဲ့အခါမှာ ပဲပုပ်အစိုကို ထည့်ပီး ရေလေး နည်းနည်း ထည့်၊ ဆားလေး နည်းနည်း ထပ်ထည့်ပီး ငရုတ်သီးစိမ်း အုပ်ပီး ချက်ထားတဲ့ ပဲပုပ်ချက်)

(ရွှေမြန်မာ အလွမ်းပြေ) ရွှေမြန်မာမှာ ချက်စားခဲ့သော ကြက်ဆီထမင်း

ဒီက ကြက်သားဈေး

ရွှေမြန်မာက သယ်လာသော ရှမ်းပဲပုပ်

ဂျူးမြစ်ပဲပုတ်

အမေရိကားမှာ ချက်စားသော ကြက်ဆီထမင်း၊ ပြုတ်ထားတဲ့ ကြက်ကို ဆယ်ပီးတဲ့အခါ oven မှာ နီရောင်သန်းလာတဲ့အထိပဲ ကင်လိုက်တော့တယ်။ ပဲပုတ်ကို ဖုတ်ပီး ပဲပုတ်ချက် လုပ်မလို့ပဲ။ ပဲပုတ်ကို ကင်လိုက်တဲ့ အနံလေး မွေးလာတော့ ပဲပုတ်ကို ချက်ဖို့တောင် မမှီတော့ဘူး။ ဒီအတိုင်းပဲ စားချင်လို့ ကြက်ဆီထမင်းနဲ့ ကြက်ကင်၊ ပဲပုတ်ကင် တွဲစားလိုက်တော့တယ်။

ရွှေမြန်မာမှာ ၀ယ်စားခဲ့သော ကြက်ဆီထမင်းများ (အောက်က ၀ပ်ဆိုဒ်လင့်များကို ကလစ်နှိပ်ပီး ကြည့်နိုင်ပါတယ်)

ဗိုလ်ချုပ်လမ်း ၄၆ လမ်းထိပ်က နန်းထိုက် ကြက်ဆီထမင်း

ဆူးလေးဘုရားလမ်းက ကုန်းထက် ကြက်ဆီထမင်းဆိုင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.