touch screen

Angel’s test to ipad 2. April 14, 2011

All in one destop.

Daddy’s  choice Gate Way- All-In-One Computer/ Intel (R)Core i3 Processor/ 21.5″ Display/ 4GB Memory/ 1 TB Hard Drive  /web cam/ wireless keyboard and wireless mouse

အမေရိကားရောက်တော့ ဒယ်ဒီ Sony laptop တစ်လုံးနဲ့ မိသားစု ၄ယောက်သုံးဆိုတော့ မလောက်တော့ဘူးလေ။ မိသားစု ၄ယောက် လုနေကြတာနဲ့ ကွန်ပြူတာ ထပ်ဝယ်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ ကိုယ်ကတော့ destop ကိုပဲ ပိုဝယ်ချင်တယ်။ destop က အပြင်ပန်းကြည့်ရင် စက်ပူတာ ပိုခံနိုင်ရည်ရှိတယ်။ ကိုယ်တို့က ကွန်ပြူတာကို ၂၄ နာရီ ဖွင့်ထားမှာ ဆိုတော့ destop ပဲ အကြမ်းပိုခံနိုင်မှာ။ ပီးတော့ ကိုယ်က movie ကြည့်မယ်။ game ကစားမယ်။ photo တွေ သိမ်းမယ် ဆိုတော့ memory က အနည်းဆုံး 4GB လောက်မှ။ hard drive ကလည်း ကြီးမှ။ ပီးတော့ memory chip တွေ  ထည့်ဖို့အတွက် extra usb pot တွေ များများ ရှိအုံးမှ။ camera memory chip ထည့်ဖို့ SD အပေါက်။ handpone memory chip ထည့်ဖို့ PRO အပေါက် ပါမှ။ တချို့ စက်တွေက တန်တယ် ဆိုပီး ၀ယ်လိုက်တာ။ memory chip ထည့်ဖို့ အပေါက်တောင်မှ မပါဘူး။ ကိုယ့်လိုချင်တာတွေ နဲ့ ပေါင်းလိုက်ပီး ကလေးတွေ အကြိုက် touch screen ကို ဈေးလည်း သင့်တော်ပီး မိသားစု သုံးနိုင်မယ့် ဈေးနှုန်း နဲ့ gate way အမျိုးအစားကို ရွှေးလိုက်တယ်။ monitor color အရည်အသွေးလည်း ကောင်းတယ်။ sharp လည်း ဖြစ်တယ်။ ပုံတွေ ကြည်ကြည်လင်လင် သဲသဲကွဲကွဲ မြင်ရတယ်။ သဘောကျတာနဲ့ ၀ယ်ဖြစ်သွားတယ်။ monitor မှာ web cam လည်း ပါတယ်။ monitor မှာပဲ့ hardware တက်ထားတာ ဆိုတော့ system unit box အတွက် ထားစရာ နေရာမရှုပ်တော့ဘူး။ wireless keyboard ဆိုတော့ ကြိုက်တဲ့နေရာ ယူထားလို့ရတယ်။ အိပ်ရာမှာ keyboard & mouse ကို ယူထားပီး display screen က 21.5″ ဆိုတော့ အဝေးကနေလည်း မြင်နိုင်တယ်လေ။ web cam လည်း ပါတယ်။ dvd ကော dvd writer လည်း ပါတယ်။ window 7, norton virus 1 year free, tv tunner ပါတယ်။ မြန်မာဈေးနဲ့ဆိုရင် us price and tax ပေါင်းလိုက်ရင် ၆သိန်းခွဲ နဲ့ ၇ သိန်းကြားမှာ ရှိတယ်။ပါးပါးလေးနဲ့ ပေါ့ပေါ့လေးပဲ။

best buy ကနေ သွားဝယ်ထားတာ။

နောက်တခု ကြားတာက us မှာ နိုဝင်ဘာလ တတိယပတ် ကြာသပတေး နေ့ ကျေးဇူးတော်နေ့ Thanksgiving day ပီး နောက်တရက် သောကြာနေ့ black friday ဆိုရင် ပစည်းတွေ ထက်ဝက်ဈေးလောက် ချတယ်လို့ ကြားတယ်။ အတွေ့အကြုံတွေကို share ပေးတဲ့သူတွေ Thank you နော်။ ကိုယ်တို့က အခုမှ ရွှေက နေ တက်လာလို့ သိပ်မကျွမ်းဘူး။ ဒါပေမယ့် အဲဒီလောက်ထိ မစောင့်နိုင်ဘူးဖြစ်နေတယ်။ အိမ်မှာ လုနေကြတာပေါ့။ အဲဒါနဲ့ ဒီကို ရောက်ပီး တပတ်လောက် အကြာမှာ သွားဝယ်လိုက်တာ။ memory 10GD လောက် ရှိတဲ့ laptop လည်း တွေ့တယ်။ တစ်ထောင်ကျော်တယ်။ သဘောကျလိုက်တာ။ ကိုယ့်တို့ ဂိမ်းတွေက memory များလေ။ ကောင်းလေပဲ။ internet connection ကလည်း memory များလေ မြန်လေပဲ။ ဘယ်လောက်ပဲ ကွတ်ကီးတွေ ရှင်းရှင်း memory 2GB တောင် အဆင်မပြေဘူး။ flash player ကြောင့် ထင်တယ်။

gate way ကို april ဒုတိယပတ်မှာ သွားဝယ်ထားပီး တပတ်လောက် အိမ်မှာ သုံးကြည့်ပါတယ်။ screen က သိပ္မျငိမ္ဘူး။ တခါတလေ တုန်နေတယ်။ အဲဒါနဲ့ open box ကိုပဲ best buy မှာ သွားပြန်လဲတယ်။ ပိုက်ဆံ များ ထပ်ပေးရမလား ဆိုပီး တထိတ်ထိတ်နဲ့ပေါ့။ ၂ပတ်အတွင်း ပြန်လဲရင် ပြန်ဆံ ထပ်မပေးရပါဘူး။ ပစည်း အစုံ နဲ့ ၀ယ်ထားတဲ့ ဘောက်ချာ ပါသွားတယ်။ All in one destop ပဲ ၀ယ်တော့မယ်ပေါ့။ touch screen က မကောင်းဘူး။ တုန်တယ် ထင်နေပေမယ့်။ destop က system unit box တွေ နဲ့ ကြိုးတွေ နဲ့ ရှုပ်နေတာ တကြောင်း။ သားသားက touch screen နဲ့ ဂစ်တာတီးတာ။ သူ့ စာသင်တဲ့ ဂိမ်းတွေ က touch screen နဲ့ပို အဆင်ပြေတာမို့ best buy မှာ သွားပြန်လဲတဲ့ အခါ dell တံဆိပ်ပဲ touch screen ၀ယ်ဖြစ်တယ်။ စောပိုင်းက gate way က ဟာတွေ အားလုံးပါတယ်။ web cam / wireless key board and mouse display moniter screen က 23 inches ဖြစ်သွားလို့ ပိုတောင် မိုက်သွားသေးတယ်။ ဒေါ်လာ ၃၀ ပဲ ပိုပေးလိုက်ရတယ်။

အခုတော့ အဆင်ပြေသွားပီ။

best buy မှာ open item ဘူး ဖွင့်ပီး ပြန်လာလဲတဲ့ ပစည်းတွေကို သူတို့ဆီမှာ ထက်ဝက်နီး ပါးလောက်ကို ဈေးချတယ်။ ပြန်လာလဲတဲ့ စက်တွေကို ပြင်ပီး ပြန်ရောင်းတာလား မသိဘူး။ အထာမသိတော့ မ၀ယ်ရဲဘူး။ ခဏလောက်ပဲ သုံးရပီး ပျက်သွားရင် အမှိုက်ပုံပဲ။

ကိုယ့် IT နဲ့ ပတ်သက်ရင် ကွန်ပြူတာ အခြေခံလောက်ပဲ KMD မှာ တက်ဖူးတာပါ။ တော်တော်များများကို ကိုယ့်ရဲ့ gtalk မှာ ရှိတဲ့ ပညာရှင်တွေ၊ IT သမားတွေ၊ blog တွေကနေ IT နည်းပညာတွေ share ပေးတဲ့ လူတွေကို အားလုံး ကျေးဇူးတင်ပါတယ်။

မနေ့က ဘလော့ error ပြသွားတဲ့ အချိန်မှာ gtalk chat ကနေ ကူညီပေးတဲ့ ကိုယ့်ရဲ့ gtalk ထဲက friend သြစတြေးလျားက သူငယ်ချင်း ညီလေး နဲ့ အင်္ဂလန်က ပညာရှင်၊ ဟောင်ကောင်က database အရမ်းကျွမ်းတဲ့ white hacker ကိုယ့်ရဲ့ facebook သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ရန်ကုန် က ၀ဏအောင်၊ ဇင်မျိုး နဲ့ ဇော်မင်းတင်ကိုတော့ အန်တီ အကူအညီ မတောင်းဖြစ်ဘူး။ မနှိပ်စက်ဖြစ်ဘူး။ 😛

စေတန်ဂေါ့တို့၊ MR.DBA တို့ကတော့ ကိုယ့်ရဲ့ gtalk မှာ မရှိတာ ကြာပေါ့။ ကိုယ့်ကို block သွားတာလား မသိဘူး။ 😛

နောက်ထပ် cannon camera ၀ယ်ချင်တယ်။ ပိုက်ဆံ ထပ်စုအုံးမယ်။

လောလောဆယ် သုံးနေတဲ့ ကင်မရာက sanyo digital camera နဲ့ sony ericsson hp ကိုပဲ သုံးနေတာ ဆိုတော့ တချို့ ပုံတွေက အလင်း ရောင် ကောင်းကောင်းမရရင် ရယ်။ setting မှာ သွားပီး မပြောင်းခဲ့ရင်ရယ်။ ပုံထွက် မကောင်းဘူး ဖြစ်နေတယ်။

အောက်က ပုံတွေက google က ပုံတွေပါ။

စကားမစပ် မနေ့က gtalk မှာ ပညာရှင်တွေနဲ့ chat ရင်းနဲ့ ကိုယ့်က safe ဖြစ်အောင် ဘလော့ကို ၂ ခု လုပ်ထားတာ။ သူတို့ ဆီမှာ ကိုယ့် ရဲ့ ဘလော့ပိုစ့်ကို ကော်ပီ ထင်နေပုံ ရပါတယ်။ ကိုယ့်ရဲ့ personal post နဲ့ personal photo ကို ကော်ပီသမား အထင်ခံနေရသေးတယ်။ ဟူး lol 😛

ကိုယ့်ရဲ့ ဓာတ်ပုံတွေ ကို တခြားဘလော့တွေမှာလည်း တွေ့ရပါတယ်။

ကိစမရှိပါဘူး။ ကလေးပုံတွေက လွှဲလို့ ကျန်တဲ့ တိုင်းရင်းသားကျေးရွာ ချင်း ဓာတ်ပုံတွေပဲ ဖြစ်ဖြစ် အစားအသောက်ပုံ နဲ့ တခြား ဓာတ်ပုံတွေပဲ ဖြစ်ဖြစ် ယူသွားလို့ ရပါတယ်။

ခွင့်တောင်းစရာ မလိုပါဘူး။

ကိုယ့် google alert လုပ်ထားတာမို့လို့ တခါတလေ ပိုစ်တက်လာရင် ဒီဘက်မှာ gmail ပို့တာမို့ သိပါတယ်။

credit : google image

Advertisements

2 comments on “touch screen

  1. ကျနော်လည်းတူတူပါပဲ။
    desktop ပဲကြိုက်တယ်..။
    ကွန်ပြူတာအကြောင်း ဘာမှ နားမလည်ပါဘူး။
    ဆိုင်သွားဝယ်လိုက်တယ်..။
    စိတ်မှန်း နဲ့ပဲဝယ်ခဲ့တယ်..။ဟီး

    • destop က laptop ထက် စာရင် ဈေးသက်သာတယ်။
      ဆိုလိုတာက destop မှာ ပါတဲ့ ဟာ အားလုံး laptop မှာ ပါရင် ဈေးပိုကြီးတယ်။
      laptop က ကလေးတွေ နဲ့ ဆိုတော့ key pad လည်း ကွာ၊
      စက်ပူတော့ laptop fan လည်း တပ်ရ။
      screen ကြီးရင် ဈေးကြီးလေပဲ။
      ကိုယ့်က screen ကြီးကြီးပဲ ကြိုက်တယ်။
      ကိုယ့်ဘလော့တောင် သေးလို့ ကိုယ်ဖတ်ရင် ctrl key နဲ့ + ကီး ပေါင်းနှိပ်ပီး zoom ထပ်ချဲ့ရတယ်။
      ဟီး ဟီး 😀 XD
      မျက်မှန်တော့ မတပ်ရသေးပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.