chicken curry and paratha

ပထမဦးဆုံးအကြိမ် မိသားစု ၄ယောက် စုံစုံညီညီ နဲ့ ကျင်းပခဲ့တဲ့ သက်ရဲ့ မွေးနေ့ … ပလာတာက သက် ကြော်ထားတာ။

မွေးနေ့မှာ ချက်စားတဲ့ ကြက်သားပလာတာ

ကြက်သား၊ ကုလားပဲ၊ အားလူး၊ ပျဉ်တော်သိမ်ရွက်ဟင်းက ဒယ်ဒီ ချက်ထားတာ။

ကိတ်မုန့်ကတော့ မိသားစု အားလုံးကြိုက်တဲ့ အရသာ ချောကလက်ကိတ်ကိုပဲ ရွေးမိတယ်။ ကိတ်မုန့် နာမည်က seven heaven cake, central market ကနေ $ 20 နဲ့ သွားဝယ်ထားတာ။ ကိတ်သားလည်း နူးညံတယ်။ ချောကလက် မှုန့် အစစ်ကို သုံးထားတဲ့အတွက် တော်တော်လေးကို စားလို့ ကောင်းတယ်။

မာမီ ကိတ်မုန့် ဖယောင်းတိုင်ကို သားသားက မီးထွန်းရုံပဲ ရှိသေးတယ်။ မှုတ်ပီးနေပီ။ တော်တော် လေးကို ကိတ်မုန့် ဖယောင်းတိုင် မှုတ်ချင်နေတာ။

မွေးနေ့က အေပရယ် လလယ်လောက်ကတည်းက ပီးသွားပါပီ။

ဒယ်ဒီကတော့ ဒီ သားအမိ သုံးယောက်ရဲ့ ဒဏ်ကို ကောင်းကောင်း လိမ့်ပိတ် ခံနေရတာနဲ့ လုံးပါးပါး နေတဲ့ပုံလေ။ ဟား ဟား ဟား

အရုပ်တွေ ကို အရမ်းချစ်တတ်တဲ့ သမီးလေးက သူ့ ဘော်ဒါ အရုပ်တွေကို မွေးနေ့ ပါတီ ဖိတ်ပီး ကျွေးနေတာ။

ဒါက မိသားစုတဲ့ Tigger က ဒယ်ဒီ၊ pooh က မာမီ။ tigger dress ၀တ်ထားတဲ့ pooh က daughter တဲ့။ မာမီ pooh က ဇွန်းနဲ့ ကိတ်ခွံကျွေးနေတာ။


ဒီ doggy က နို့ဗူးသောက်နေတာ။

ဒီမှာတော့ ကလေး ၂ယောက်စလုံးကို နို့ကို ရေသောက်သလို တိုက်တယ်။ natural milk အရသာကို ဗူးကြီး ၀ယ်ထားလိုက်ပီး ဒီ ဗူးလေးနဲ့ တိုက်တယ်။ ကြမ်းပြင်က ကော်ဇောခင်းထားတာဆိုတော့ ခွက်နဲ့ သောက်ရင် ကလေးတွေ ဆိုတော့ မမှောက်ကျအောင် control သိပ်မလုပ်နိုင်ဘူးလေ။ တခါတလေ လက်နဲ့ မတော်တဆ တိုက်မိတာတို့ ဘာတို့ ကြုံမှာစိုးလို့ ဘာသောက်သောက် ကလေး ၂ယောက်စလုံးကို ဒီလိုဗူးတွေ နဲ့ပဲ တိုက်တော့ တော်ရုံ ကြမ်းပြင်မှာ ဘာမှ မကျတော့ဘူး။

မြန်မာမှာ နေတုန်းက ကော်ဇော်ဖျန်းတဲ့ စပရေးဘူးက တဘူးမှ ၂၈၀၀ ကျပ်ကျော်ပဲ။

ကော်ဇော်ပေါ် အရည်တို့ အညစ်အကြေးတို့ သန့်စင်ပီးရင် ဖျန်းလိုက်တဲ့အခါ မွေးပီး အရည်မြန်မြန်ခြောက်တယ်။

ခွေးတွေ၊ ကြောင်တွေ ကော်ဇောပေါ်ကို ချီးပါ သေးပေါက်ရင် လည်း သုံးလို့ ရတယ်။ အနံ အမျိုးမျိုးရှိတဲ့အထဲက အနံပြင်းတာကို ယူတယ်။

oven ဆေးတဲ့ စပရေးဗူး လည်း ရှိတယ်။ လူအရမ်းသက်သာတယ်။ မြန်မာမှာ နေတုန်းက အဲလိုဗူးတွေက ယိုးဒယား၊ တရုတ်ဘက်က လာတာ ဆိုတော့ ၂ထောင်ကျော်၊ သုံးထောင်ပတ်ဝန်ကျင်တွေ ချည်းပဲ။ ဒီမှာ ကော်ဇော်ဖျန်းတာက $10 နဲ့ oven ဆေးတာက $5

ဈေးကြီးတယ်။ မနေ့က home depot မှာ လေးပေမီးချောင်း သွားဝယ်ရင်းတွေ့တာ။

Advertisements

2 comments on “chicken curry and paratha

  1. Happy birthday!!!
    ကြက်သားပလာတာအဝစားသွားတယ်..။
    (မချက်တတ်လို့..)

    • ပေါက်ရေ …. ကျေးဇူးနော် ..
      https://i2.wp.com/www.heathersanimations.com/birthday/22.gif
      မွေးနေ့က ပီးသွားတာ ကြာပါပီ။
      အ၀ စားသွားနော်။ လိုရင်
      https://i2.wp.com/www.heathersanimations.com/food/mensencook.gif
      ထပ်ကြော်ပေးအုံးမယ်။ ဟီး ဟီး …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.