Lunch box

မနေ့က ကန်တင်းမှာ ကျွေးတာက … brunch for lunch , French toast, Sticks, Scrambled eggs, Oven potatoes, 100% fruit juice, Milk

ဒီနေ့ ကန်တင်းမှာ lunch menu …cheese burger/hamburger / roll, Oven potatoes, Garden peas, Fruit Choice, Milk

သမီးက ဟမ်ဘာဂါမှာပါတဲ့ ကြက်သွန်နီကို စပ်လို့ မစားဘူး။ ကျောင်းက ၀ပ်ဆိုဒ်ကို ကြည့်ရင်း elementry school lunch menu ကို ဖတ်လို့ ရတယ်။ အဲဒီမှာ ဘယ်နေ့ ဘာတွေ ကျွေးမယ်ဆိုတာပါတော့. တော်တော်များများက သိပ်မစားတဲ့ အစားအသောက်တွေ ဖြစ်နေတယ်။ အားလူးဖုတ်က ကိုယ်တို့လည်း မစားဘူး ဘူး။ တချို့ အစားအသောက်တွေက မရင်းနှီးဘူး။

မြန်မာမှာလည်း သမီး ကျောင်းသွားရင် ဒီလိုပဲ lunch box ပြင်ဆင်ပေးနေကြမို့လို့ သိပ်ပီးတော့ မထူးခြားဘူး။

ကျောင်းက ကန်တင်းမှာ ကျွေးတဲ့ အစားအသောက်တွေကို ရံဖန် ရံခါ ကိုယ်ကြိုက်တဲ့ meal ဆို တစ်နေ့ $2.50 နဲ့ ၀ယ်စားလိုက် ။

မကြိုက်တဲ့ နေ့တွေ ဆို အိမ်က ထမင်းဘူး ယူ ။ အဲလိုပဲ စဉ်းစားလိုက်တော့တယ်။

ကျောင်းက lunch ကို စားချင်ရင် www.mealpayplus.com မှာ အွန်လိုင်းကနေ ပိုက်ဆံသွင်းရတယ်။

မနက်ဖြန် ကျောင်းမှာ ကျွေးမယ့် lunch menu က pop corn chicken, steamed rice, sliced carrot, chilled fruit, Milk သမီးအကြိုက်မို့ အိမ်က ပိုက်ဆံ ထည့်ပေးလိုက်မလို့။ $ 2.50 ဆိုတော့ ၁ ဒေါ်လာတန် ၂ ရွက် နဲ့ တမတ်စေ့ ၂စေ့။

ဒယ်ဒီ ပြန်လာမှ ကျောင်းကို ဖုန်းဆက်မေးရအုံးမယ်။ ကလေးကို ပိုက်ဆံ ပေးကိုင် မကိုင်။ ကိုယ်စားချင်တဲ့ နေ့မှ ကျောင်းမှာ ကလေးက cash down ငွေပေးပီး စားလို့ ရ မရ။

lunch box က အလကားလည်း စားလို့ ရသေးတယ် ။ မိဘ ရဲ့ ၀င်ငွေ ကြေငြာပီးတော့ပေါ့။ အမေရိကားမှာ ရှိတဲ့ ကိုယ့်ဝင်ငွေ ကြေငြာရင် ရတယ်လေ။ ကိုယ့်က မှီခို ဆိုတော့ တပတ်လည်း ဒေါ်လာ ၁၀၀ မရ။ တလ လည်း ဒေါ်လာ ၁၀၀ မရဘူးလေ။  $ 100/week ဆိုလည်း no … $100/months ဆို no လို့ လျှောက်ရင် အလကားတောင် စားလို့ ရတယ်။ lunch menu ကိုလည်း အွန်လိုင်းကနေ ကိုယ့်ကြိုက်တဲ့ အမျိုးအစား နဲ့ ပြင်ဆင်လို့ ရသေးတယ်။

သမီးကို မေးကြည့်တော့ သမီးက အိမ်က lunch box ထည့်ပေးတာ သူ ပိုကြိုက်တယ်။ ၃ နှစ်သမီးကတည်းက အိမ်က lunch box စီစဉ်ပေးတာကို နေသားကျနေတဲ့ သမီးက ကျောင်းက Lunch menu ကို တခါတရံပဲ သူ စားချင်တယ်။

သူ့က တခါတရံ ကျောင်းက lunch menu စားပီး ကျန်တဲ့ ရက်တွေ အိမ်က lunch box နဲ့ ဆို ကျောင်းမှာ အလကား မစားတာ အကောင်းဆုံးပါ။

ကျောင်းလခ နဲ့ ကျောင်းကားခ က free ရတာပဲ တော်ပီပေါ့။ ဟီး ဟီး

ရေဘူး

freezer gel …ဒီ ရေဗူးက freezer gel ပါလို့ ရေက တနေကုန် အေးနေတယ် ။ ရေခဲသေတ္တာထဲက ရေအတိုင်းပဲ။ အဲဒီ ဂျယ်ချောင်း (သို့မဟုတ်) ရေခဲချောင်းကို ရေခဲသေတ္တာ ထဲ သိမ်းထားပီး ရေဗူးမှာ ရေထည့်လိုက်ရုံပဲ။

ဒါက lunch box ထည့်ဖို့ အိတ် ။ သူ့ကို ဒီအတိုင်းပဲ ခေါက်ပီး ရေခဲသေတ္တာ အပေါ်ထပ်ထဲ ထားရုံပဲ။ သူ့က အိတ်အသေးမို့ ၉ ကျပ်။

သမီးရဲ့ ထမင်းဘူး။ ham, ထမင်း၊ baby carrot၊ ပုစွန်ဟင်း၊ broccoli

ထမင်းဘူး ဇွန်းက ၂ မျိုးသုံးပဲ။ ဇွန်း အနေနဲ့ ဖြစ်ဖြစ် ခက်ရင်း အနေနဲ့ ဖြစ်ဖြစ်

ထမင်းဘူးရဲ့ freezer gel

http://www.amazon.com/Stay-Fit-Lunch-Go-Container-Freeze/dp/B003N3PV3C

snack အတွက် သစ်သီးဖျော်ရည်၊ ဘီစကစ်အချောင်း နဲ့ သကြားလုံး။ hand wash ပါ ထည့်ပေးလိုက်တယ်။ အဲဒီ hand wash က ရန်ကုန် စီးတီးမတ်က ၀ယ်လာတာ။ ဒီမှာ မရှာကြည့်ရသေးဘူး။ သူ့က လက်ဆေးလိုက်ရင် ရေမလိုလို့ သဘောကျတာလည်း ပါတယ်။

easter egg cookie လေးတွေ သကြားလေးတွေ ကပ်ထားသေးတယ်။

ပီအက်စ် …. ဒီပိုစ် နဲ့အတူ ဒီ မိသားစု အွန်လိုင်းမှာ ရှိတဲ့ ပိုစ် တော်တော်များများက သက်နန္ဒာ မိသားစုရဲ့ အမှတ်တရလေးအချိန်လေးတွေကို ရေးထားတဲ့ ပိုစ်လေးတွေပါ။

ကိုယ့်ဆီကို ရောက်ရှိလာတဲ့ ကွန်မန့် တော်တော်များများက negative attitude နဲ့ ရေးလာတာ တော်တော်များပါတယ်။

အတတ်နိုင်ဆုံးတော့ အီးမေလ်း ပြန်ပေးပါတယ်။ တော်တော်များများကိုတော့ မပြန်တော့ပါဘူး။

ရွှေက မြန်မာ တွေ ဆိုတာ ဒီလိုမျိုးလေးတွေလည်း ရှိပါလားလို့လည်း စိတ်ထဲ သိလိုက်ပါတယ်။

ဖြစ်နိုင်ရင် အင်္ဂလိပ်လို ရေးပေးပါလား။

negative attitude ဆန်ဆန် ကွန်မန့်တွေကို မြန်မာလို ဖတ်ရတာ သိပ်မကောင်းလို့ပါ။

ကိုယ့်တို့ ရွှေမြန်မာတွေက အလွန် ယဉ်ကျေးသိမ့်မွေ့တတ်ကြပါတယ်။

ကိုယ့် မိသားစု အကြောင်းလေးတွေ ရေးထားတဲ့ ဘလော့တွေလောက်ပဲ ကွန့်မက် ပေးတတ်ပါတယ်။

သူတို့ကို ခင်တယ်။ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ သူတို့ရဲ့ မိသားစု ဘ၀အကြောင်းလေးတွေကို သိချင်တယ်။

ကလေးတွေကို ဘယ်လိုမျိုး ကျောင်းထားပေးတယ်။ ပြုစုစောင့်ရှောက်တယ် ဆိုတာက အစ သိချင်တယ်။

နိုင်ငံတကာမှာ ရှိတဲ့ အဖေ တွေ အမေတွေ ရေးပေးစေချင်တယ်။ လေ့လာချင်လို့ပါ။

ကွန့်မန့်လား မပေးဖြစ်ပါဘူး။ ကိုယ့် အပျင်းကြီးလို့ပါ။ ဟီး ဟီး

Advertisements

2 comments on “Lunch box

  1. အမ ရေ

    ရေဘူးနဲ့ ထမင်းဘူးကိုတော့ကြိုက်သွားပြီ။ကျောင်းလခမပေးရတာကိုလည်းကြိုက်တယ်…း) ကျွန်တော်လည်းသမီးလေးရှိလာတော့ သူများကလေးတွေဘယ်လိုနေကြတယ် ဆိုတာကိုသိချင်လာတယ်။ အဲ့ ဒါနဲ့ ကလေးဘလော့ တွေလျှာက်ကြည့်ဖြစ်တယ်…း)

    • ကျောင်းလခ နဲ့ ကျောင်းကားခ က အလကား။
      ဒီကို ရောက်တာနဲ့ တပတ်အတွင်း သမီး ပတ်စပို့ နဲ့ပဲ ကျောင်းလျှောက်တာလေ။
      ဆေးထပ်စစ်ရတယ်။ သံရုံးဗီဇာ မ၀င်ခင် ရန်ကုန်မှာ ဆေးစစ်ပီးသား။
      ဒီမှာ အကုန် ပြန်စစ်ရတယ်။
      ပီးတာနဲ့ ကျောင်းကို ဖောင်တင်လိုက်တာနဲ့။ မနက်ဖြန် ကျောင်းတက်ရရော။
      summer ပါ ဆက်တက်ခိုင်းမလို့။ ဒီက ကျောင်းနဲ့ ရင်းနှီးသွားအောင်လို့လေ။ ရန်ကုန်မှာကတည်းက ဒီက ကျောင်း အကြောင်းတွေ စုံစမ်းနေတာ။ ကျောင်းကိုလည်း သွားကြည့်တာမှ။ မတက်ခင် ၂ခါတောင် သွားကြည့်တာ။ စီစီတီဗီတွေလည်းတက်ထားတယ်။ smart board နဲ့ စာသင်တာ။ locker လည်း တယောက်တလုံးပဲ။
      5 star elementry school မို့ သဘောကျတာလည်း ပါတယ်။
      အခု အမ စုံစမ်းနေတာက။ တချို့ ကျောင်းတွေက ကလေးကို health insurance ရှိမှ ကျောင်းတက်ရတဲ့ ကျောင်းလည်း ရှိသလို ကျောင်းအဆင်းမှာ home tution လိုမျိုး အိမ်စာတွေကို ကူညီပေးတဲ့ ကျောင်းလည်း ရှိတယ်ဆိုလို့လေ။ သမီးကတော့ အခု မှ ကျောင်းစ တက်ခါစ ဆိုတော့ အဲဒါတွေ ဒီကျောင်းမှာ မကြားဘူး။ သူ့ တီချယ်လည်း ဘာမှ မပြောဘူး။
      အမ အထင် စတိတ်မတူလို့ နဲ့ တူပါတယ်။ သူတို့ က ကယ်လီဖိုးနီးယားဘက်က ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.