ဒန်ပေါက် @ နယူးယောက်

နယူးယောက်က ပါဆယ် ဒန်ပေါက်ဘူးပါ။ ကိုယ်တို့ ရွှေက ဒန်ပေါက်ကို ပါဆယ်ယူရင် ဖော့ဘူးလေးနဲ့ ထည့်ပေးတယ်။ ဒီက aluminium foil ဘူးကတော့ မဆိုးဘူး။ အိမ်ေ၇ာက်၇င် oven ထဲ ထည့်နွေးလိုက်ရုံပဲ။

ဒီက ဒန်ပေါက်က ငရုတ်ကောင်းစေ့ ကို အစေ့လိုက် ထည့်ချက်ထားတော့ စပ်တယ်။ အိပ်ခါနီး စား၇င် ရင်ပူမှာပဲ။

ကိုယ်ကတော့ ရွှေမှာကတည်းက ဒန်ပေါက်ဆို ဆိုင်က ပါဆယ် ဖော့ဘူး နဲ့ ၀ယ်လာပီး၇င် မစားခင် အင်တာနတ်ကို ဦးချ ပီးရင် ထမင်းဖြူ ရောလိုက်တာပါပဲ။

အဲလိုမျိုး ဒန်ပေါက်ကို ထမင်းဖြူ ရောစား၇င် ဒန်ပေါက်စားလို့ အကြောတက်တာ (သို့မဟုတ်) အကြောပိတ်တာ၊၊ သွေးတိုးတာမျိုး မဖြစ်တော့ဘူးလေ။

ဒီက ဒန်ပေါက်ကတော့ စပ်လို့ ထမင်းဖြူ ရောစားတာ။ ကောင်းတယ်။ ငရုတ်ကောင်း နဲ့ ခပ်စပ်စပ်လေး ချက်ထားတဲ့ နယူးယောက်က ဒန်ပေါက် အခုမှ စားဘူးတယ်။

စင်ကာပူက မူဆာဖါက ဒန်ပေါက်လည်း စားဖူးတယ်။ အဲဒီ ဆိုင်ထက် ပန်နဆူလာ ဘက်စကားဂိတ်ကို ကျော်သွားပီး တရုတ်ဘုံကျောင်းနားက ဒန်ပေါက် ဆိုင် ပိုကောင်းတယ်။ ရွှေက မြန်မာပြည် လက်ရာအတိုင်း ချက်ထားတဲ့ ဒန်ပေါက်မို့လို့ ပိုကြိုက်တယ်။ အဲဒ်ီဆိုင်မှာ ကြက်ကင်လည်း ရသေးတယ်။ နိုင်ငံခြားကို သယ်သွားချင်တယ် ဆိုရင် သူ့က ပါဆယ် သေချာ ထုတ်ပေးသေးတယ်။ အဲဒီ ဆိုင်က မြန်မာစကားလည်း တတ်တယ်။ ၂၀၀၇ တုန်းက သွားစားဖူးတာ။

ဒန်ပေါက်နဲ့ တွဲစားဖို့ အိမ်ချက် ကြက်အသည်းအမြစ်ဟင်း၊ ဒီမှာ ပန်းငရုတ်ပွတွေ ကောင်းတော့ ကြက်အသည်းအမြစ်ဟင်း ကို မဆာလာ မအုပ်ပဲ ပန်းငရုတ်ပွ အစိမ်းကို အုပ်ချက်ထားတာ အခု ရက်ပိုင်း သဘောကျနေတာက ကြက်အသည်းအမြစ် ဟင်း၊ အမဲသားဟင်း၊ ဆိတ်သားဟင်းတွေကို မဆာလာအုပ်မချက်ပဲနဲ့ ပန်းငရုတ်ပွ အုပ်ချက်နေတာကို။ ပန်းငရုတ်ပွ ဟင်း အနံက အရမ်းမွေးတာလည်း ပါမယ်။

ဒီမှာ ကြက်အသည်းအမြစ်တွေကို အသည်းသပ်သပ်၊ နှလုံး နဲ့ အမြစ် သပ်သပ် ရောင်းတယ်။

chicken liver 0.91lb = $ 1.45 တပေါင်ကို ၁ဒေါ်လာခွဲ နီးပါးလောက်ပဲ ရှိတယ်။

chinese heart and gizzard $1.59/lb – 0.96lb = $1.53 ကြက်အမြစ်လည်း တပေါင်ကို ၁ ဒေါ်လာ ခွဲ နီးပါးပဲ။

ရန်ကုန်ကနေ သယ်လာတဲ့ သရက်သီးစိမ်း သနပ်။ သူ့ကို အရမ်းသဘောကျရတဲ့ အကြောင်းက သူ့ရဲ့ အရသာက ချို၊ ချဉ်၊ စပ်၊ ကြွတ်တယ်။ သိပ်မငန်ဘူး။ သရက်သီး သနပ်တွေက ချဉ်တယ်။ ငန်တယ်။

အသည်းရောဂါ သမားတွေက fresh ဖြစ်သော အစားအသောက်ကို စားရတာ မှတ်ထားဖူးတယ်။ မေမေတုန်းက အချဉ်တည်ထားတဲ့ သရက်သီး သနပ်ကို ဆရာဝန်က ပေးမစားဘူး။

ဒါကြောင့်မို့လို့ ဘာပဲ ဖြစ်ဖြစ် အလွန်အကျွံ မလုပ်တာ ကောင်းသလို။

တချို့လည်း အင်မတန် ဆင်ခြင် သန့်သန့်ရှင်းရှင်း နေပေမယ့်လို့ မွေးကတည်းက လူတိုင်း ကိုယ်စီ ဇာတာက ပါ ပီးသားပါ။

ကိုင်ရို နည်းနဲ့ ဖြစ်ဖြစ် တခြားသော နည်းနဲ့ ကိုယ့်ရဲ့ ဇာတာကို ကြိုပီး သိနေရင်တော့ သတိထားတာ အကောင်းဆုံးပါပဲ။

Advertisements

6 comments on “ဒန်ပေါက် @ နယူးယောက်

  1. Hi Thet Nandar ,
    Where do you live in NYC ? I guest NY 11373. I like your Blog. You have beautiful family.your daughter and son are so cute.

  2. ဒန်ပေါက်သိပ်မကြိုက်ပေမဲ့ ကြည့်ရတာ စားချင်စရာ။
    သိပ်အီတဲ့ပုံမပေါ်..။
    ဈေးကြီးလား မသိ။

    ပန်းငရုတ်ပွအနံ့တော့ သိပ်မကြိုက်လို့ သိပ်မချက်စားဖြစ်။
    တခါတရံတော့ သမီးကိုအမဲသားနဲ့ ကြော်ကျွေးဖြစ်ပါတယ်။

    • ဒန်ပေါက်က $7
      ရန်ကုန်က ထက်ဆိုရင် ဈေးကြီးတယ်။
      ရန်ကုန်မှာ ၁၅၀၀ နဲ့ KSS တို့က 1600 မို့ $2 သာသာပေါ့။ $ 1 = 870 နှုန်း နဲ့ တွက်တာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.