အခုမှ မိသားစု အိမ်

Kitchen

မီးဖိုချောင်က မြန်မာက အိမ်ထက် ကျဉ်းပေမယ့်လို့ ဘေးပတ်ပတ်လည်လည်မှာ နံရံကတ်ဗီဒိုက အပြည့်ဆိုတော့ အကုန်သိုလှောင်ထားတယ်။ ဆေးဗီဒိုလည်း လုပ်ထားသေးတယ်။ ဒီက ရာသီဥတုက အပြင်မှာလည်း အေးတော့ တချို့ပစည်းတွေက အပြင်မှာ ထားလည်း မပုတ်သိုးလွယ်ဘူး။

ဘေစင်မှာ ရေစုပ်တဲ့စက်လည်း တပ်ထားတော့ ကိုယ့် ပန်းကန်တွေ ဘာတွေ ဆေးပီးရင် ဇကာခွက်က အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်လိုက်ပီး ဘေစင် ရေ၀ပ်နေတာဖြစ်ဖြစ် ရေသိပ်မဆင်းရင် ခလုတ်နှိပ်လိုက်တာနဲ့ ရေတွေ စုပ်ထုတ်ပီး ဆင်းသွားရော၊

မြန်မာမှာ နေတုန်းက ဘေစင် အပေါက် ပိတ်သွားလို့ pressure pump နဲ့ တွန်းထိုးပီး လုပ်ခဲ့ရသေးတယ်။ မီးဖိုချောင်က ရေပိုက်တွေက နောက်ပိုင်း အုတ်ထဲမှာပဲ မြုပ်ပီး အပြင်က ကြွေပြားကပ်ထားပီး အလှဆင်ကြတာလေ။ ဘေစင် အပေါက်ပိတ်ပီ ဆိုလို့က တော်တော် အလုပ်ရှုပ်တာ။ အဲဒီတုန်းက အိမ်မှာ ကောင်မလေး ခေါ်ထားတော့ ကောင်မလေးတွေက ဘေစင်အပေါက်မှာ ရှိတဲ့ ဇကာခွက်ကို ဖယ်ပီး ပန်းကန်တွေ ဆေးတော့ ထမင်းလုံးတွေ၊ ဆန်စေ့တွေနဲ့ ဘေစင် ပိုက်လိုင်းပိတ်သွားတာပေါ့။

pressure pump နဲ့ အဲဒီ ဆို့နေတဲ့ အမှိုက်တွေကို တွန်းထုပ်ပေမယ့်လို့ တိုက်မှာက မိန်းက vertical ဒေါင်လိုက် ပိုက်လိုင်းထဲ မသွားခင် ကိုယ့်အိမ်က လာတဲ့ ပိုက်လိုင်းအရှေ့မှာ တခါတလေ ဇကာကွက် တပ်ထားသေးတယ်။ အဲဒီ ဇကာမှာ သွားပိတ်နေလို့ ရှိရင် မိန်းပိုက်လိုင်း ဒေါင့်လိုက် ပိုက်လိုင်းထဲ လျှောကျဖို့ တော်တော်ခက်တာလေ။

နောက်ပိတ်ဆုံး တညလောက် အက်ဆစ် (အကယ်ဒမီ) တံဆိတ် ကြွေချည်းချွတ်ဆေး ကို ဘေစင်အပေါက်ထဲကနေ တညလောက် အပြည့်အသိပ် ထည့်ထားလိုက်တယ်။ နောက်တနေ့မှာ pressure pump နဲ့ တွန်းထုပ်လိုက်တော့ ကောင်းသွားတယ်။

ဒီမှာတော့ ခလုတ်နှိပ်လိုက်ရုံပဲ။

ကိုယ်ဆိုလိုချင်တာက စနစ်ကောင်းတာကို ပြောချင်တာ။

ဒီဗူးက သောက်ရေသန့်ဗူး – ဒီဗူးဆိုဒ်ကို ၁ဒေါ်လာ၊ ရန်ကုန်မှာ အိမ်မှာ ဗူးလဲပီး သောက်တဲ့ ဗူးဆိုဒ်လည်း ဒီမှာ ၁ဒေါ်လာပဲ။

ဟင်းချက်ရင် အနံစုပ်တဲ့ ပန်ကန်ပါတယ်။ ကိုယ်ကတော့ ငပိရည်လည်း ကြိုတာပဲ။ ငပိလည်း ကြော်တာပဲ။ တခါတလေ အညော်ထုတ်တဲ့ပန်ကာ အားမရလို့ တံခါးဖွင့်ပီး လည်း ချက်တာပဲ။ ဒီမှာက လုံးချင်းအိမ်တွေ ဆိုတော့ ဘေးအိမ် အားနာစရာ မလိုဘူး။ အဝေးကြီးရယ်လေ။

ကိတ်မုန့်က အဖုံးပါလို့ သဘောကျတယ်။ ရေခဲသေတာက တခြားခွက်တွေက အနံအသက်တွေ ကိတ်မုန့်ပေါ် မသက်ရောက်တော့ဘူးလေ။

ဒယ်ဒီလေ ငရုတ်ဆီ ပုလင်းတွေ အမျိုးစုံကို ၀ယ်ထားပီး ရေခဲသေတာထဲ ထည့်ထားတတ်သလို။ သက် ကလည်း ပုစွန်ခြောက်ကို ရေခဲသေတာ ထဲ ထည့်ထားမှ အနံအသက် ကောင်းပီး လတ်ဆတ်တာတို့ သဘောထားတတ်တယ်။

တကယ်က ပုလင်းတွေက ဖွင့်ပီးသွားရင် သူ့ ရက် အပိုင်း အခြားလိုက် သုံးတာ ကောင်းတယ်။ ဖွင့်ပီးသား ပုလင်း ရေခဲသေတာထဲမှာ သိမ်းတာ ကောင်းတယ်။

nga pi chat

Nga pi chat

yay cho nga pi

ဒီ ယိုးဒယားက လာတဲ့ ရေချိုငပိကို ဆနွင်းမှုန့် နဲ့ အရင်ကျိုပီး ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး အစိမ်းမှုန့် အကျက်မှုန့်၊ ပုစွန်ခြောက်မှုန့် နံနံပင်တို့နဲ့ ချက်ထားတဲ့ ငပိလိမာချက်

da nyin thee

တို့စရာ တညင်းသီး နုတော့ စားကောင်းတယ်။

စိမ်းစာငပိ (ငပိကြော်ဖို့)

paratha

ဒီပလာတာတံဆိပ်က မဆိုးဘူး။ ပလာတာချည်းပဲတောင် စားကောင်းတယ်။ ထောပတ်အနံလေး သင်းနေတာပဲ။

nan pyar

nan pyar

ပဲပြုတ်နဲ့ စားဖို့ ကုလားဆိုင်က ၀ယ်လာတဲ့ ရေခဲရိုက် နံပြား၊

Bed Room

ဒီ အ၀တ်လဲခန်းမှာ ထားတဲ့ အ၀တ်တွေက ကလေး ၂ယောက်နဲ့ ဒယ်ဒီ အ၀တ်အစားတွေ ထားတယ်။

ဒါက သက် ရဲ့ အ၀တ်ဘီဒို

တံခါးက ခေါက်တံခါး။ တံခါး အဖွင့်အပိတ်မှာ ကလေးတွေ အနားမကပ်မှ ဖွင့်တယ် ။ လက်ညှပ်သွားမှာ စိုးလို့။

ရန်ကုန်အိမ်ကနေ သယ်လို့ နိုင်သမျှ သယ်လာသော အရုပ်များ၊ ထားစရာ နေရာ မရှိလို့ ပုခက်လုပ်မယ် ဆိုပီး ယူလာတဲ့ ကျိုးပုခက်ထဲ အရုပ်တွေ ထည့်သိမ်းထားလိုက်တယ်။

သမီး အကြိုက် အိပ်ရာခင်း

သားသား အကြိုက် အိပ်ရာခင်း

bath tub မှာ ကလေးတွေ ရေချိုးနေတာ။ ရေပူ ရေအေး ရတယ်။ ရေဖိုးက heater ဖိုးက free … လုံးချင်း အိမ်ရာမို့ ။ heater pite line က တအိမ်လုံး တပ်ထားတော့ ရေချိုးခန်းထဲမှာလည်း heater ရတယ်။ အိမ်ထဲမှာ ဆို မအေးဘူး။ ဒီအတိုင်းပဲ။ အပြင်ထွက်ရင် အခု ရက်ပိုင်း အေးတဲ့ အအေးနှုန်းက အဲယားကွန်းဖွင့်သလောက်ပဲ အေးတော့ နေလို့ ကောင်းတယ်။ နောက်ဆို တော်တော်အေးရင် လန့်ပြေးမလား မသိဘူး။

မှန် အနောက်မှာလည်း ဘီဒို ရှိတော့ ပစည်းသိမ်းရတာ အဆင်ပြေတယ်။ အ၀တ်တွေက အ၀တ်လျှော်စက် ကွိုင်နဲ့ သွားလျှော်တယ်။ အိမ်နေရင်းတွေက အိမ်မှာ လက်နဲ့ပဲ လျှော်တယ်။ အ၀တ် တခါ လျှော်ရင် တမတ်စေ့ ၂၂ စေ့၊ ဆပ်ပြာရည်က ကိုယ့် ဘာသာ အိမ်က ယူသွားရတာ။

အ၀တ်ခြောက်စက်က တမတ်စေ့ ၇ စေ့။ စုစုပေါင်း တပတ်စာ တမတ်စေ့ ၂၉ စေ့ ။ ၇ဒေါ်လာဖိုး။

Living room or Dinning Room

air con က နွေမှပဲ သုံးဖြစ်မယ် ထင်တယ်။

ပြတင်းပေါက်က နေ မြင်ရတဲ့ လုံးချင်း တိုက် ပုံစံမျိုးလေးလေ။

အဲဒီ လိုက်ကာက အဆင်ပြေတယ်။ လိုက်ကာချချင်ရင် ဆွဲချလိုက်။ တင်ချင်ရင် အောက်ကို နည်းနည်းဆွဲပီး လွတ်လိုက်တာနဲ့ အပေါ်ကို လိမ့်တက်သွားတယ်။ ဈေးလည်း မကြီးဘူး။ အသုံးလည်း တည့်တယ်။

ဒါက heater ခလုတ်၊ နံပါတ် ၅ က အမြင့်ဆုံးပဲ။ သူ့အပေါ်က ပိုက်လိုင်း။ တအိမ်လုံး ကြမ်းပြင် အောက်နားမှာ ပိုက်လိုင်း နဲ့ ဆွဲထားတာ။ ပုံမှန် က ၁ လောက်ပဲ ထားတယ် ။အခု ကလေးတွေ ရေချိုး အပီးမို့ ၃လောက်ထားတယ် ။တဖြေးဖြေးချင်း ပြန် ပြန် လျှော့ချပလိုက်တယ်။ ပီးရင် ပိတ်ထားလိုက်တယ်။ အလကား ဆိုပေမယ့်လည်း မလိုရင် မသုံးတာ အကောင်းဆုံးပဲလေ။


ကော်ဇောအရောင်က မီးခိုရောင် မကျ၊ အသားရောင် မကျပါပဲ။ သန့်တယ်။ နင်းလိုက်ရင် အိတယ်။ အမွေးရှည်တယ်။ နင်းရင် အောက်က ကြမ်းခင်းပါ အသံမြည်တာကိုတော့ မကြိုက်ဘူး။

ဒါက ဖုန်စုပ်စက်၊ သူ့ နဲ့ နေ့တိုင်း တိုက်ပီး တခါတလေ ကော်ဇောကို ရေစို အ၀တ်ကို လုံးဝ ရေ စင်နေအောင် ညစ်ပီး ထပ်သုတ်သေးတယ်။ ကော်ဇော်က ရေမစိုဘူးလေ။ ကော်ဇောပေါ်က ဖုံ နည်းနည်းလေးတွေ စင်ပီး လမ်းလျှောက်လိုက်တိုင်း ခြေထောက် စိတ်သန့်နေအောင်လို့။


အင်တာနက်က အင်တာနာ ပလပ်ပေါက် လိုင်းကနေ သွယ်တာ။ ရန်ကုန်က sky net လိုမျိုးပဲ။ အင်တာနက်၊ တယ်လီဖုန်း၊ တီဗီ လိုင်း ယူလို့ ရတယ်။ လောလောဆယ် တီဗီ မ၀ယ်သေးဘူး။ ကိုယ့် ဒီက culture တွေကို တီဗီကနေ တဆင့် ရင်းနှီးလာမှာ ကြောက်လို့ တီဗီ မတပ်သေးဘူး။ အင်တာနက် လိုင်း တမျိုးပဲ ယူထားတာ ဆိုတော့ တလကို $ 65 ၊ မိုဒမ်မှာ ၂ကျိုး တက်ထားတာ ဆိုတော့ အင်တာနက်ကို တပြိုင်တည်း ၂ လုံး သုံးလို့ ရတော့ အင်တာနက် လုနေစရာ မလိုတော့ဘူး။

တယ်လီဖုန်းကလည်း ဟမ်းဖုန်းသုံးတော့ လိုင်းဖုန်း ထပ်မယူဘူး။

နောက်တခုက ဂျီးမေလ်းကနေ ဖုန်းနံပါတ် နှိပ်ပီး အလကားလည်း ခေါ်လို့ ရသေးတယ်။








Advertisements

2 comments on “အခုမှ မိသားစု အိမ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.