junction maw tin

junction maw tin shopping mall စဖွင့်စာက ဈေးဝယ်သွားရင်း အမှတ်တရ အချိန်လေးတွေ။ စက်တင်ဘာလထဲမှာ ဖွင့်သွားတာ။ စဖွင့်စက လူအရမ်းများတယ်။ ရုပ်ရှင်လည်း ကြည့်။ လူများတယ်။ ကစားကွင်းမှာလည်း ဆော့။ လူတွေ များမှများ။ စားသောက်ဆိုင် ထိုင်တော့လည်း ထိုင်စရာ နေရာတောင် မရှိ။

Junction Center Maw Tin Shopping Mall

junction maw tin cinema ticket counter

cinema ticket

သမီးလေး မွေးနေ့ ၁၁.၁.၁၁ မှာ တနေကုန် အပြင်ထွက်ပီး လျှောက်လည်နေကြတာ။ ပထမဦးဆုံး သွားဖြစ်တာက။ junction center maw tin shopping mall. အဲဒီ မောလ်က အပေါ်ဆုံး ထပ်မှာ ဆူရှီ ထိုင်စားနေကြတာ။

သားသားနဲ့ အဲဒီ ဆူရှီဆိုင်က နံရံဒီဇိုင်း

 

အဲဒီ ဆူရှီဆိုင် ရောက်တိုင်း စားဖြစ်နေကြတာက ပုဇွန် ဆူရှီ နဲ့ ငါးဥ ဆူရှီလိပ်။ အရင်ရက်တွေတုန်းက သွားစားခဲ့တဲ့ အမှတ်တရ ဓာတ်ပုံများ ….

သားသား နဲ့ သမီးလေး ဆူရှီဆိုင်မှာ စားနေကြတုန်းက

 

ငါးဥ ဆူရှီလိပ်

သမီးလေးက ငါးဥ ဆူရှီလိပ် ကြိုက်တယ်။ ဓာတ်ပုံ အမှတ်တရ ရိုက်မယ် ကြည့်လိုက်တော့ ၁ ခုပဲ ကျန်တော့တယ်။ ဓာတ်ပုံလေးတွေ အမှတ်တရ ရိုက်ထားခဲ့တော့ အခု အချိန်မျိုးတွေမှာ မာမီ အတွက်ကတော့ ပြန်ကြည့်လိုက်တိုင်း ကြည်နူးစရာ အမှတ် ရ စရာ အမှတ်တရ နေ့တွေ အချိန်တွေပါပဲ။

Advertisements

Ruby Mart Shopping Mall

ဗိုလ်ချုပ်လမ်း နဲ့ ပန်းဆိုးတန်း လမ်းဒေါင့်က Ruby Mart Shopping Mall (အရင် ကုန်တိုက်-၁) ရောက်တိုင်း အပေါ်ဆုံးထပ်ကို အရင်ဦးဆုံး တက်တယ်။ ပီးရင် ပုဇွန် တန်ပူရာ ကြော် တစ်ပွဲ ၂၀၀၀ ကျပ်။ သားအမိ ၃ ယောက်ကို ၂ ပွဲမှာ မှပဲ လောက်တယ်။ သမီးက သူ တစ်ယောက်တည်းကို တစ်ပွဲ နီးပါး ကုန်လို့လေ။

တစ်ပွဲမှာ ပုဇွန်ကြော် ၇ ကောင်ပါတယ်။ mayonice နဲ့ တို့စား။ အရမ်းစားလို့ ကောင်းမှ ကောင်းပဲ။

သမီး နဲ့ သားသားကတော့ ဘလော့ပေါ်က ဓာတ်ပုံကို ကြည့်ပီး ထပ်စားချင်လာပီ ပြောနေသေးတယ်။

သားသား နဲ့ သမီးကတော့ သူတို့ ကြိုက်တဲ့ အစားအသောက်ဆိုရင် ကိုယ်ထူကိုယ်ထ စားတတ်ကြတယ်။ ခွံကျွေးစရာကို မလိုဘူး။

ဒါက မာမီ စားတဲ့ ကြံ့ခင်းထမင်းသုပ်။ ပုဇွန်ခြောက်လေး နဲ့ အစပ်အဟပ် တည့် သုပ်ထားပီး သရက်ချဉ်၊ ပဲပင်ပေါက် ချဉ်ဖတ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ လေး နဲ့ စားရတာ စားလို့ ကောင်းမှ ကောင်း။ စားကောင်းလွန်းလို့ အဲဒီ ထမင်းသုပ်လေးကို နည်းတယ် ထင်မိသေးတယ်။ တစ်ပွဲကို ၅၀၀ ကျပ်။ ဗူးသီးဟင်းချိုလေးလည်း ပါသေးတယ်။

ကြံ့ခင်းသုပ်လို့ ဘာလို့ ခေါ်မှန်းလည်း မသိပါဘူး။ ထမင်းသုပ် ဆို ပဲမှုန့်၊ ကြက်သားဟင်းချက် အနှစ်၊ ငရုတ်သီး အကျက်မှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ မန်ကျီးမှည့်ရည် နဲ့ သုပ်လည်း ကြိုက်တာပဲ။ လက်ဘက်သုပ်က နှစ်ပြန်ကြော် နဲ့ သုပ်လည်း ကြိုက်တာပဲ။ ထမင်းသုပ် ဆို ကြိုက်လွန်းလို့ မှာစားကြည့်တာ ကောင်းမှ ကောင်းပဲ။ ပဲပင်ပေါက် အချဉ်က လတ်တယ်။ နွမ်းမနေဘူး။ ချဉ်ဖတ်ဆို ပဲပင်ပေါက်၊ တညင်းသီး ဆားစိမ်ဆို ကျွပ်နေမှ၊ ကတက်စာဆိုလည်း မှိုမတက်မှ စားလို့ ကောင်းတာ။

ကြံခင်း ထမင်းသုပ် = တစ်ပွဲကို ၅၀၀ ကျပ်

ကြံခင်း ထမင်းသုပ် သုပ်ပုံသုပ်နည်း အင်တာနက်မှာ တွေ့လို့ ဆရာ ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ရဲ့ ကြံခင်းထမင်းသုပ် web site link

ကစားကွင်းမှာ ကစားတာ ကလေး တစ်ယောက်ကို ၅၀၀ ကျပ်။

သားသား ကောင်းစေ

သားသား ကောင်းစေ မော်တော်ဆိုင်ကယ် ကို ခြေတွန်းပီး စီးနေတာ။

သမီး နဲ့ သား

အားလုံးပဲ အစစ အရာရာ အဆင်ပြေ ချောမွေ့ ကြပါစေလို့ ဆုတောင်းပါတယ်။

ပုန်းရည်ကြီး ထမင်းသုပ်၊ ၀က်ပုန်းရည်ကြီး

ဒီနေ့ ချက်စားဖြစ်တဲ့ ဟင်းက ၀က်ပုန်းရည်ကြီးဟင်း။ ဟင်းချက်တာ နောက်ကျသွားတယ်။ ၀က် အသားက မနူးသေးတာနဲ့ပဲ ထမင်းစားချိန်မှာ အလွယ်တကူ အဆင်ပြေအောင် ပုန်းရည်ကြီး ထမင်းသုပ် စားလိုက်သေးတယ်။

ဒါက City Mart Super Market က ၀ယ်လာတဲ့ ပုန်းရည်ကြီး အထုပ်လေး တစ်ထုပ်ကို ၃၇၀ ကျပ်။

 

 

ပုန်းရည်ကြီး ထမင်းသုပ် မသုပ်ခင်ပုံ။

 

ထမင်း၊ ပုန်းရည်ကြီး၊ သံပုရာသီး၊ ကြက်သွန်နီဆီချက်၊ ကြက်သွန်နီ ပါးပါးလှီးထားတာရယ်၊ ငရုတ်သီးစိမ်း၊ ဆား၊ ပုဇွန်ခြောက်

 

ပုန်းရည်ကြီး ထမင်းသုပ်ပီး သမီးအကြိုက် အသည်းပုံ ထမင်းသုပ် ပုံစံ ဖြစ်ဖို့ အသည်းပုံ ဟင်းထည့်ခွက်ထဲကို နယ်ပီးသား ထမင်း ထည့် … ပီး … ပန်းကန်ပြားပေါ်မှာ မောက်ထည့်လိုက်ပါတယ်။

 

ပုန်းရည်ကြီး ထမင်းသုပ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ၊ ကြက်ဥကြော်၊ ကြက်သားကြော် ပူပူလေး နဲ့ ဆို စားလို့ ကောင်းမှကောင်း။

 

ဝက်ပုန်းရည်ကြီးဟင်း