မမွန် – အီးမေးလ်နဲ့ မေးထားတာကို စာပြန်ရင်းနဲ့ မိသားစု ဘလော့လေးမှာ မှတ်ထားလိုက်တာပါ။
အခု သမီး Angel လက်ရှိ အတန်းက Primary II. KG ကနေ စပီး ကျောင်းမှာ မြန်မာစာ အပါအ၀င် သင်နေရပါတယ်။
KG က သူငယ်တန်း မြန်မာစာ ဖတ်စာအုပ်၊ Pri I က ပထမတန်း မြန်မာစာ ဖတ်စာအုပ်၊ Pri II က ဒုတိယတန်း မြန်မာစာ။
ဖတ်စာ ၅ ခုလောက်သင်ပီးရင် စာမေးပွဲ စစ်သွားတတ်တာမို့။ အခုလာမယ့် ၂၄ ရက်နေ့မှာတော့ ”ကျေးဇူးရှင် ဦးကြီးများ” ၊ ”ရေကောင်းရေသန့်” ၊ ” လယ်ထွန်မင်္ဂလာ သီချင်း” ၊ ” ပစ္စည်းဟူသမျှ ရိုသေကြ” ၊ ” စပါးဖျက်ပိုး” ပဲ မေးမှာပါ။
”တို့မေမေ” ၊ ” တို့ဖေဖေ” ၊ ” ဒေါင်းယောင်ဆောင်သောကျီး” က ပီးခဲ့တဲ့လက မေးပီးသွားပီလေ။
အဲဒီလတွေက ရတဲ့ tutorail result တွေက အမှတ်တွေကို ယူပီး exam result မှာ ထည့်ပေါင်းသွားတာပါ။
ကျွန်မတို့ ငယ်ငယ်တုန်းကလိုမျိုး စာမေးပွဲ တခါစစ် ဖတ်စာအုပ် အစကနေ အဆုံးထိ လိုက်ကျက်စရာ မလိုတော့ပါဘူး။ တခါပဲ စစ်တတ်တာမို့ ကျွန်မကတော့ အဲလို စာစစ်တာကို ကြိုက်တယ်။
ဒီလ ၂၄ ရက်နေ့မှာ စစ်မယ့် စာမေးပွဲက Semester One (GCE) , March မှာက Semester Two (GCE) လတွေတိုင်းက class room tutorial အမှတ်လေးတွေလည်း ယူတတ်တာမို့။ စာကတော့ နေ့တိုင်း ဖတ်နေရတာပါပဲ။ သမီး ကျောင်းက ပြန်လာရင် မုန့်စား။ သားသားနဲ့ ဆော့ ပီးတာနဲ့။ သူ့အခန်းမှာ Home work လုပ်ပါတယ်။ သားသားကတော့ စာအုပ်တွေ ဖတ်၊ Dream Land က ထုတ်တဲ့ ကတ်ထူစက္ကူနဲ့ စာအုပ်တွေဖတ်။ (colors / A B C / 1 2 3 / Foods / Fruits / Vegetables / Birds / Animals / Vehicles / Words ) စာအုပ်တွေ။ နောက်တမျိုး ဆော့တာက A B C , 1 2 3 ပါတဲ့ စာသင်တဲ့ ကတ်တွေဆော့၊ အရုပ်တွေဆော့။ သမီးကလည်း Home work လုပ်နေရင်းနဲ့ သားသားနဲ့ဆော့။ စာကျက်ရင်းလည်း ဆော့တာပဲ။ အဲလို ဆော့ရင်း စာကျက်တော့လည်း ရတာပဲ။ များသောအားဖြင့်ကတော့ စာကျက်ပီးမှ ဆော့တာများတယ်။ သားသားက စာကျက်တာ လာရှုပ်နေရင် သူ့ လက်ထဲ colouring book နဲ့ crayon ထည့်ပေးလိုက်။ တော်တော် အဆင်ပြေသွားတယ်။ အဲဒါဆို သူ့ဟာနဲ့ သူ အလုပ်ရှုပ်နေတော့တာပဲ။ သားသားက ….
၆း၃၀ ကျော်လောက်ဆို ညစာ ပြင်ပီ။ သူတို့ ၂ယောက်က တီဗီကြည့်။ ကျွန်မက ကိုးရီးယားကား ကြည့် ။ 5 Series က ၇း၃၀ လာတဲ့ ကိုးရီးယားဇာတ်လမ်းတွေ ကြည့် ။ အခု ရက်ပိုင်း ကြည့်ဖြစ်နေတာက ”မေတ္တာလွှမ်းခြုံ ချစ်ရိပ်မြုံ” အဲဒီ ဇာတ်လမ်းထဲက စကားပြောတွေ၊ အမူအကျင့်တွေက အပြင်က လူနေမှုဘ၀နဲ့ နည်းနည်း တူတယ်။ အတ္တကြီးတာမျိုးလေ။ လူတိုင်းမှာ အတ္တ နဲ့ လောဘ ကိုယ့်အတွက် ကိုယ် ကြည့်တာမျိုး။ ယောက္ခမ နဲ့ ချွေးမ အိမ်အလုပ်ကို ဘောလီဘောပုတ်နေတာမျိုးတွေ၊ သားရှင်အမေကလည်း အိမ်အလုပ် ၀ိုင်းလုပ်ပေးမယ့် ချွေးမကို လိုချင်တာမျိုးတွေ။ ပါးနပ်တဲ့လူက လူမမြင်အောင် နေတတ် ထိုင်တတ်ပေမယ့် ရိုးတဲ့လူကတော့ မနေတတ် မထိုင်တတ်တော့ ပြဿနာဖြစ်ရတာမျိုးလေ။ ချွေးမက ယောက္ခမကို တစ်ယောက် အကြောင်း တစ်ယောက် ထောက်ပြတဲ့ အခန်းတို့။ သမီးယောက်မချင်း အခန်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ထောက်ပြ ပီး စကားလုံးသေနတ်ပစ်တဲ့ အခန်းတွေကို ကြိုက်တယ်။ ယောင်းမက ကွဲသွားတဲ့ တခုလတ် အကို့ ဇနီးဟောင်းကို သူ့ အခုလက်ရှိ သူဌေးသားနဲ့ အိမ်ထောင်ကျသွားတာကို အတင်းကာရော မဏ္ဍတ်တိုင် တတ်တဲ့ အချိန်မှာ ယောင်းမဟောင်းက ”ကိုယ်ဘ၀က ကိုယ်စိတ်ထဲမှာ သိပ်ခန်းနားတယ်လို့ ထင်နေတာ …. တခြားလူတွေကို ချီးမွှမ်းစေချင်လို့ အတင်းကာရော လာကြွားနေတာလား”တဲ့။ ဇာတ်လမ်းကို အစ ပထမတုန်းက သိပ်မကြိုက်ဖူး။ နောက်မှ အပိုင်း ၂၀ ကျော်လောက်မှ ကြိုက်လာတာ။ အခု အပိုင်း (၅၄) ရှိပီ။ ညတိုင်း တနင်္လာကနေ ကြာသပတေး နေ့အထိ လာတယ်လေ။ ဒီ ဇာတ်လမ်းတွဲတွေက ပီးရင် လမ်းဘေးမှာ စီဒီချပ်တွေ ပြန်ရောင်းတယ်။ တစ်ချပ်ကို ၅၀၀ ကျော်ပဲ။ ကျွန်မဆို ကိုယ် သိပ်ကြိုက်ပီး ပြန်ကြည့်ချင်တဲ့ ကားတွေ၊ မြ၀တီနဲ့ မြန်မာအသံက လွတ်သွားတဲ့ ကိုးရီးယားဇာတ်လမ်းတွဆို ၀ယ်သိမ်းထားတတ်တယ်။
သားနဲ့ သမီးကတော့ ကာတွန်းကား၊ သားသားကတော့ အခု ရက်ပိုင်း Teletubbies, Barney, Go Go, Richcord Scarry’s 24 Children Education Songs, Learning Adventure, (English Music Song) DVD အချပ်တွေက တရုတ်ကလာတာ။ တချပ်ကို ၅၀၀။ သီချင်းတွေ အများကြီးပါတယ်လေ။ ကွန်ပြူတာ စီဒီတွေကတော့ တစ်ချပ်ကို ၅၀၀ပဲ ။ မောင်ထော်လေးလမ်းထိပ်က National CD ဆိုင်အပြင် ဆူးလေရဲစခန်းဘေးက ဆိုင်မှာရယ်။ တခြား မြင့်ထွန်းဦးဆိုင်တို့ ကွန်ပြူတာ စီဒီ ရောင်းတဲ့ ဆိုင်တိုင်းမှာ ၀ယ်တတ်တယ်။ သမီး ၂ နှစ်သမီး မတိုင်ခင်ကတည်းက အဲလို ကွန်ပြူတာစီဒီ တွေ ၀ယ်ပီး ကွန်ပြူတာနဲ့ သင်ပေးတော့ ၂ နှစ်ကျော် ၂ နှစ်ခွဲ မတိုင်ခင်မှာ ABCD ကို A to Z အလွတ်ဆိုနိုင်တယ်။ အဲဒါ သမီးမှ မဟုတ်ဘူး။ သမီး သူငယ်ချင်းတွေလည်း အဲလိုပဲ။ အခု ခေတ် ကလေး တော်တော်များများက သင်လွယ် တတ်လွယ်တယ်။ စာရေးဆရာမ လွန်းထားထား ဆိုရင် သူ့ရေးတဲ့ စာထဲမှာ သူ့သမီးက ၂ နှစ်သမီးလေးနဲ့ သမ္ဗုဒ္ဓေ ဂါထာ အလွတ်ရွတ်တတ်တာပါတယ်။ ၀တ္တုလည်း ဖြစ်ချင်ဖြစ်မှာပေမယ့်။ သူမ မိသားစု အကြောင်း ရေးထားတာလို့ ထင်တယ်။ အဲဒိ သမီးလေး ဂါထာရွှတ်တတ်တာကိုတော့ ကျွန်မ ယုံတယ်။
စင်ကာပူကို အလည်ဗီဇာနဲ့ ၂၀၀၆ လောက်က လာတုန်းက သမီးက အဲဒီ ကွန်ပြူတာ စီဒီတွေနဲ့ စာသင်ရင်း ဂိမ်းဆော့တာပေါ့။ ခဏ ခဏ သွားကြည့်ရတယ်။ နောက်ပိုင်း စိတ်ချ လက်ချ ရှိအောင် အင်တာနက် ကေဘယ်ကြိုး ဖြုတ်ထားလိုက်တယ်။ (ကွန်ပြူတာစီဒီတွေက ကော်ပီတွေလေ။ original တွေ မဟုတ်ဘူး။ ကွန်ပြူတာမှာ install လုပ်ပီး သုံးနေတုန်း တခါတလေ register update လုပ်ခိုင်းတာတွေ ပေါ်လာတတ်တယ်။ အဲဒီအခါ သွားပီး ယောင်ပီး update လုပ်မိရင် ကိုယ့်ရဲ့ IP address နဲ့ ကော်ပီစီဒီချပ်ကို သုံးနေတာ သူ့တို့ ဆီမှာ သွားပေါ်တဲ့အခါ ဒီ IP address က သူတို့ ထုတ်လိုက်တဲ့ ကွန်ပြူတာစီဒီကို ကော်ပီသုံးနေပါလားဆိုပီး။ IP address နဲ့ လိုက်ပီး လူနာမည်၊ အိမ်လိပ်စာက တခါတည်း တန်းမိသွားနိုင်ပီး။ တော်ကြာနေ အလည်လာတာ တခါတည်း စိတ်ညစ်သွားမှာမို့ ကေဘယ်ကြိုးကို ဖြုတ်ထားလိုက်တာ။) ကွန်ပြူတာစီဒီတွေက ကော်ပီမို့ ဈေးသက်သာပေမယ့်လည်း သုံးတတ်ရင် ပြဿနာမပေးပါဘူး။
မမွန်ပေးတဲ့ ကျောင်းဝပ်ဆိုဒ်ကို ၀င်ကြည့်ပါတယ်။ မမွန်ပေးတဲ့ user name & password ကိုတော့ အသုံးမပြုခဲ့ပါဘူး။ ရှုပ်ကုန်မှာ စိုးလို့ပါ။ တစ်ခါတုန်းက ရုပ်ရှင် unlimited ပေးထားတဲ့ account နဲ့ ရုပ်ရှင်ဝပ်ဆိုဒ်ကို ၀င်ကြည့်တာ။ သူတို့က IP address နဲ့ လိုက်ပါတယ်။ money ပေးတဲ့ IP address နဲ့ပဲ ၀င်ကြည့်လို့ ရပါတယ်။ ကျွန်မ ကြည့်ချင်ရင်တော့ ကျွန်မရဲ့ မြန်မာ IP address နဲ့ နာရီ ၇၀ အလကားကြည့်။ ဆက်ကြည့်ချင်သေးရင် money ပေး။ အလကားကြည့်လို့ ရတဲ့ ၀ပ်ဆိုဒ်တွေက အများကြီးဆိုတော့ ပိုက်ဆံ ပေးပီး ဘာလို့ အကုန်ခံနေတော့မလဲးနော်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ ဒီလ စစ်ထားတဲ့ Semester One result ကို မိဘတွေ ကို ပေးတဲ့ နေ့လေ။ Open House Day . အဲဒီနေ့မှာ ကျောင်းမှာ စာအုပ်ဈေးပွဲတော် ရှိတယ်။ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကျောင်းသုံး အင်္ဂလိပ်စာအုပ်တွေ ရောင်းတဲ့ စာအုပ်ဆိုင်တွေက လာရောင်းကြတာလေ။ ကျွန်မ အများအားဖြင့် ၀ယ်ဖြစ်တာက။ ကလေး ကျောင်းသုံး Dictionary ကိုတော့ original ၀ယ်ပေးတယ်။ တစ်သောင်းခွဲကျော်တယ်။ ကျန်တဲ့ သင်္ခန်းစာ စာအုပ်တွေကိုတော့ စင်္ကာပူက စာအုပ်တွေကို ဒီမှာ ကာလာဖလင်ခွဲ၊ အော့ဖ်စက်နဲ့ ပြန် ရိုက်နှိပ်ထုတ်ဝေထားတဲ့ စာအုပ်တွေ ၀ယ်တယ်။ စင်္ကာပူမှာ တစ်အုပ်ကို S$ 4.70 ။ ဒီမှာ မြန်မာငွေ ၉၀၀ ကျပ်။ စာအုပ် အရည်အသွေးလည်း ကောင်းတယ်။ စာအုပ်ပေါ်မှာပဲ တခါတည်း စာဖြေရတာဆိုတော့ သုံးရတာ တန်တယ်။ www.sppc.com.sg , EPH က ထုတ်တဲ့ စာတွေ အပါပေါ့။ Go Go စာအုပ်ကတော့ Angel အကြိုက်။ Teletubbies & Barney စာအုပ်တွေကတော့ သားသား အကြိုက်။
https://thiriyatanar.wordpress.com/2009/09/11/primary-ii/
သမီး Angel’s internet web site link
သားသား Heaven’s internet web site link
Thanks for sharing, Ma Nandar
Thanks for sharing, Sis.