Puppy

Puppy နှင့် သားသား

Puppy နှင့် သားသား

သားသား နဲ့ သမီးလေးက တိရိစ္ဆာန်လေးတွေ ဆိုရင် အရမ်းပဲ ချစ်တတ်ကြတယ်။ သမီးငယ်ငယ်တုန်းကဆိုရင် ငှက်ကလေးတွေ၊ ငါးတွေ၊ ခွေး၊ ယုန် မွေးဖူးတယ်။ နောက်ဆုံးတစ်ခေါက်က မွေးတာ Hamster ကောင်လေးတွေ။ Hamster တစ်ကောင်ကို မြန်မာမှာ ၉၀၀ ကနေ ၂၀၀၀ ကျပ် လောက်ပဲ ရှိတယ်။ လှောင်အိမ်ကတော့ ၅သောင်း။ နေကြာစေ့၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ် အစုံစားတယ်။ ပန်းသီးလည်း လာခဲ့ စားမှာပဲ စားမှာပဲ။ သကြားလုံးလည်း စားတယ်။ ကလေးတွေ စားတဲ့ မုန့်တွေ အကုန်စားတာပဲ။ အိမ်မှာ မသုံးဖြစ်တော့တဲ့ ကက်ဆက်ခွေတွေကို ၀င်္ကာပါ လုပ်ပီး သူတို့ကို လျှောက်ပြေးခိုင်းဖူးသေးတယ်။

ဓာတ်ပုံ ရိုက်နေတုံးအချိန်မှာ သားသားက Mr. Bean ကား ကြည့်နေတာ။ တချို့ မိဘတွေ တော်တော်များများက Mr. Bean ကြည့်ဖို့ကို ကန့်ကွက်ကျတယ်။ Mr. Bean လုပ်သလို လိုက်လုပ်မှာကို စိုးရိမ်လို့လေ။ နောက်ပီးတော့ သူလုပ်တာတွေက ပေါက်ကရတွေ ဆိုတော့ ကလေးတွေက အဟုတ်ထင်ပီး သူလုပ်သလို လိုက်လုပ်မှာကို စိုးရိမ်တာ မဆန်းပါဘူး။ သမီးတုန်းကတော့ Mr. Bean လုပ်သလို လိုက်မလုပ်ဘူး။ အခု သားသားကတော့ ကြိုက်တယ်။ လိုက်တော့ မလုပ်ဘူး။ အဲလို အမူအရာတွေဆိုရင် သားသားက ရီတာမှ အ၇မ်းပဲ။

မမက သားသား အဲလို အမူအရာတွေ လုပ်ပြရင် ရီတတ်မှန်းသိလို့ တစ်၇က် သားသား ငိုတုန်းက အဲလို အမူအရာလေးတွေ လုပ်ပြပီး သားသား ကို ချော့ဖူးသေးတယ်လေ။ ဗီဒီယိုက ဒီမှာပါ။

ပါပီလေးနဲ့ ဓာတ်ပုံ ရိုက်မလို့ကို သားသားက တီဗီဆီက မျက်လုံး မခွာ၊ ပါပီလေးပဲ ကင်မရာကို လှမ်းကြည့်နေတာ။

သားသား ၁၃ လသားလောက်က Hamster လေးတွေနဲ့ ဆော့နေတဲ့ ဗီဒီယို

Puppy

Puppy

Mr. Bean ကြည့်ရတာ ပိုကြိုက်နေသလိုပဲ သားသားက

Mr. Bean ကြည့်ရတာ ပိုကြိုက်နေသလိုပဲ သားသားက

Come on Puppy

Come on Puppy

မွေးပွ အရုပ်ကို ကိုက်ရင်း ဆော့နေတာ


Advertisements

သမီးလေးကို ပြောပြတဲ့ ပြိတ္တာတွေအကြောင်း

သမီးလေးကို တစ္ဆေ၊ သရဲ အကြောင်းတွေ ရှင်းပြရင်း အဖိုး ဖြစ်သူ (မာမီ အဖေ) ဦးနန္ဒ ရေးသား စီစဉ် ထုတ်ဝေတဲ့ ဦးနန္ဒ (၀ိဇ္ဖာဂုဏ်ထူး) ဒီဂျေ ရဲ့ ဘုံဘ၀ ပုံပြတရားတော် စာအုပ်ကို ဖတ်ပြ ရှင်းပြခဲ့တယ်။ ဘဘ … က မာမီတို့ ငယ်ငယ်တုန်းက ရန်ကုန် ဆေးတက္ကသိုလ်မှာ မြန်မာစာ ကျောင်းဆရာတစ်ယောက်ပေါ့။ နောက်တော့ ပင်စင်ယူပြီး ဘာသာရေး စာအုပ်တွေ ရေးသား ထုတ်ဝေ ဖြန့်ချီခဲ့တာ ဒီနေ့ ဒီအချိန်ထိပါပဲ သမီးလေး။

ဦးနန္ဒ ၏ ဘုံဘ၀ ပုံပြတရားတော် စာအုပ် မျက်နှာဖုံး

ဦးနန္ဒ ၏ ဘုံဘ၀ ပုံပြတရားတော် စာအုပ် မျက်နှာဖုံး

စာအုပ်က စာမျက်နှာ ၄၉ မှာ

ပြိတ္တာဆိုတာ ချမ်းသာမှ ဝေးရာသို့ ရောက်နေတဲ့ သတ္တ၀ါလို့ အဓိပါယ် ရတယ်။ သူတို့ဟာ လူတွေ စွန့်ပစ်ထားတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ အပုပ်အသိုး၊ နှပ်၊ တံတွေး၊ သလိပ်၊ မစင် စသည်တို့ကို စားသောက်ကြရပါသတဲ့။ တချို့ကတော့ သစ်ပင်များ၊ အိမ်ကြို အိမ်ကြားများမှာ နေကြလျက်၊ စိတ်ဓာတ်အားငယ်တဲ့ ယောကျာ်း၊ မိန်းမ၊ ကလေး သူငယ်စသူတို့ကို ခြောက်လှန့် ပူးကပ်ပြီး တစ္ဆေစာပစ်တဲ့အခါ စားသောက်လေ့ ရှိကြပါတယ်တဲ့။

ပြိတ္တာ ဘ၀သို့ ရောက်ရှိလာကြရခြင်းဟာ ရှေးက မိမိတို့ ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံ တစ်ခုခုကြောင့် ဖြစ်လာကြရပါတယ်တဲ့။ တချို့လဲ ငရဲဘ၀မှာ ကြာရှည်စွာ ခံစားကြရပြီးမှ ပြိတ္တာဘ၀သို့ ရောက်ရှိလာကြရတာ ဖြစ်ပါတယ်။ တချို့လဲ လူ့ဘ၀တုန်းက ကုသိုလ်ကောင်းမှုတွေ များစွာ ပြုခဲ့ကြပါရဲ့။ ဒါပေမယ့် သေခါနီဆဲဆဲမှာ သားသမီး သံယောဇဉ် ပစ္စည်းသံယောဇဉ် စွဲလမ်းမှုနဲ့ သေဆုံးခဲ့ကြတဲ့အတွက် သူတို့ရဲ့ အိမ်အနီးအပါးမှာပဲ ပြိတ္တာဘ၀ဖြစ်ပြီး နေကြရရှာပါသတဲ့။ သူတို့ အဖို့ကတော့ ကုသိုလ် ကောင်းမှု ပြုပြီး အမျှအတန်းဝေလို့ သာဓုခေါ်နိုင်ခဲ့ယင်တော့ ပြိတ္တာဘ၀မှ ကျွတ်လွှတ်နိုင်ပြီး လူပြန်ဖြစ်ဖို့ နီးစပ်လှပါသတဲ့။

စာမျက်နှာ ၅၄

ပြိတ္တာအမျိုးမျိုး

ပြိတ္တာတွေရဲ့ အမျိုးအစားနဲ့ ပတ်သက်ပြီး လောကပညတ္တိကျမ်းမှာ (၁၂)မျိုး ပြဆိုထားပါတယ်။

အဲဒါတွေကတော့ –

၁။ တံတွေး နှပ်စားတဲ့ ပြိတ္တာ၊

၂။ အကောင်ပုပ်စားတဲ့ ပြိတ္တာ၊

၃။ မစင်စားတဲ့ ပြိတ္တာ၊

၎။ ခံတွင်းမှ မီးလျှံထွက်တဲ့ ပြိတ္တာ၊

၅။ အပ်နဖားမျှ ပါးစပ်ပေါက်ရှိတဲ့ ပြိတ္တာ၊

၆။ ရေငတ် ထမင်းငတ်တဲ့ ပြိတ္တာ၊

၇။ မီးလောင်ငုတ်တိုလို ခံရတဲ့ ပြိတ္တာ၊

၈။ ဓားနဲ့တူတဲ့ လက်ရှိတဲ့ ပြိတ္တာ၊

၉။ တောင်လုံးမျှ ကိုယ်ခန္ဒာ ရှိတဲ့ ပြိတ္တာ၊

၁၀။ စပါးကြီးမြွေလို ကိုယ်ခန္ဒာရှိတဲ့ ပြိတ္တာ၊

၁၁။ ဗိမာန်ရှိတဲ့ ပြိတ္တာ၊

၁၂။ တန်ခိုးကြီးတဲ့ ပြိတ္တာမင်းတို့ ဖြစ်ကြပါတယ်။

အဋ္ဌကထာဋီကာကျမ်းမှာလဲ ပြိတ္တာ ၄ မျိုး ပြဆိုထားပါသေးတယ်။ အဲဒါတွေကတော့ –

၁။ သူတစ်ပါးပေးမှ စားရတဲ့ ပြိတ္တာ၊

၂။ ထမင်းငတ် ရေငတ်တဲ့ ပြိတ္တာ၊

၃။ ပူပန်နေရတဲ့ ပြိတ္တာ၊

၎။ အသုရကာယ်တို့ ဖြစ်ကြပါတယ်။

ဘုရားရှင်က တန်ခိုးတော်ဖြင့် ပြတော်မူသဖြင့် ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို လူတို့ တွေ့မြင်ကြရပုံ။

ဘုရားရှင်က တန်ခိုးတော်ဖြင့် ပြတော်မူသဖြင့် ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို လူတို့ တွေ့မြင်ကြရပုံ။

Continue reading

ဗျောက်အိုး

သမီးနဲ့ သားသား သီတင်းကျွတ်မတိုင်ခင် မီးရှုး မီးပန်း ဆော့နေကြတာ။ ရှုးဒိုင်း မီးပန်းကတော့ ပြူတင်းပေါက်ကနေ ဖောက်ရမှာ။ ဓာတ်ပုံတော့ မရိုက်တော့ဘူး။ ကလေးတစ်ဖက်နဲ့ ဆိုတော့ ကင်မရာ ကိုင်လို့ ရမှာ မဟုတ်လို့ မာမီ ဓာတ်ပုံ ရိုက်မထားတာပါ။

မီးပန်းဆော့နေသော သမီးလေး

ပထမ မမ ကစားတာကို သားက ဘာမှန်းမသိသေးတော့ ခပ်ဝေးဝေးကနေ ကြည့်နေတာပေါ့

အခုက လက်က ကိုင်ဆော့တဲ့ မီးပန်း ကို သမီးက ဆော့နေတာ မြင်တော့ သားသားက စိတ်ဝင်စားပီး ကိုင်ကြည့်ချင်နေတာ။ ပေးတော့ မကိုင်ပါဘူး။ နောက်တခုက လိပ်ပြာ ဖျောက်အိုးက မီးရှို့ ယုံပဲ ရှိသေးတယ်။ ရှူးဒိုင်း …. ဗျောင်းပဲ။ မြန်ချက်က ဓာတ်ပုံတောင် ရိုက်မရ။ ဗျောက်အိုး သေနတ်၊

ဗျောက်အိုး

ယမ်းငွေ့တွေကို သားတော်မောင် လေမှုပ်နေတာ။ သူမှုပ်ထုတ်လိုက်ရင် ယမ်းငွေ့ ပျောက်မယ်ဆိုတဲ့ ယုံကြည်ချက်လေးနဲ့။

ဗျောက်အိုး ဆော့ရလို့ ပျော်နေသော သားတော်မောင်

Private School

ခါကာဘိုရာဇီတောင်ထိပ်ပေါ် မြန်မာနိုင်ငံအလံနှင့် ILBC ကျောင်းအလံ

ခါကာဘိုရာဇီတောင်ထိပ်ပေါ် လေ့လာရေး ခရီး သွားရောက်ခဲ့တဲ့ I.L.B.C မှ ကျောင်းသူ ကျောင်းသားများနှင့် ဆရာများ ဓာတ်ပုံ

“Comment” ကနေ လာမေး ထားတာကို ဖြေပေးရင်းနဲ့ မိသားစု ဘလော့လေးမှာ မှတ်ထားလိုက်တာပါ။ ကျောင်းဝပ်ဆိုဒ်လင့်တွေလည်း ပြန်ရှာတဲ့အခါ အထောက်အကူ ဖြစ်နေအောင်လို့လေ။

ကွန်မန့်ကနေ မေးထားတဲ့ ပိုစ်

I.L.B.C ကျောင်းပဲ အတိအကျ သိပါသည်။ ကျန်တဲ့ နာမည်ကြီးကျောင်းတွေက ပျမ်းမျှလောက်ပဲ သိတာပါ။

I.L.B.C မှာ Primary 2 ကို နှစ်စဉ်ကြေး (Admin Fees) = 40,000 + ကျောင်းလခ (242,000/months)

ပထမ တစ်သုတ်က ၃ လစာ ရှင်းရသည် = 726,000 ကျပ် (Jun to Aug) ၊
ဒီနေ့ ဒုတိယ အသုတ် ပိုက်ဆံ သွင်းပါမည် 4 လ စာ ( 242,000 * 4 = 968,000 ကျပ် ) (Sep’09 to Dec’09)၊
End of December ကျမှ နောက်ဆုံး အသုတ် ငွေသွင်းရမှာပါ 3 လစာ (242,000 *3 = 726,000 ကျပ် ) .

အားလုံး စုစုပေါင်း တစ်နှစ်စာ (ကျောင်းတက် ၁၀လ) မြန်မာငွေ ၂၄ သိန်း ၆ သောင်းပါ။ စာအုပ်ဖိုး အပီးအစီးပါ။ အခြား အပို ထပ်မကုန်ပါ။

I.L.B.C school web site link

ရန်ကုန်မှာ နံပါတ်တစ်ကျောင်းက ISY
ဒုတိယက YIS
တတိယက YIEC
စတုတ္တက ILBC လို့ပဲ ပြောချင်ပါသည်။ 😀

အပေါ်ဆုံးက ၂ကျောင်းက တစ်နှစ်စာ သိန်း ရာကျော် ရှိသည်။ တတိယက ILBC ထက် ဆယ်ဂဏာန်းကျော် ပိုပေးရပါသည်။
နောက်ထပ် နာမည်ကြီးတွေက …

PIEC
Total

Horizon,

Crane,

MIEC,

NIEC,

Diplomic School Yangon (school web site ရှာမတွေ့လို့ Diplomic School – facebook fun)

Myanmar- Yellow Pages မှာ ကြည့်လိုက်ပါအုံး။
နောက်တစ်အုပ် Yangon Directory

web site link ရှိသည့် ကျောင်းများအားလုံး Link ချိတ်ပေးထားပါသည်။

ဓာတ်ပုံကို ILBC School web site link Photo Gallery မှ ယူထားသည်။

မီးပူတိုက်

20 Months baby boy

20 Months baby boy

အခု ရက်ပိုင်း ဆော့ဖြစ်နေတဲ့ မီးပူတိုက်တမ်း ကစားနည်း။ တကယ့်မီးပူကတော့ အခန်းထဲမှာပဲ တိုက်ရဲတယ်။ တိုက်ပီးသား မီးပူကိုလည်း ၀ါရန်တာမှာ ပြန်ထားပီး။ ၀ါရန်တာ တံခါးပိတ်ထားလိုက်တာပါပဲ။ လန့်တယ်။ ကလေးတွေ တခု ခုဖြစ်မှာကို။ နောက်ဆက်တွဲ ကြုံလာမယ့် အရာတွေအတွက် လန့်လွန်းလို့ မဖြစ်ခင်ကတည်းက အတတ်နိုင်ဆုံးလေး ကြိုတင် ကာကွယ်ထားလိုက်တာ။


မီးပူ စတိုက်ပါတော့မယ်

မီးပူ စတိုက်ပါတော့မယ်

မီးပူစတိုက်ဖို့ wet tissue အခြောက်စလေးကို ဖြန့်နေတာလေ။ မာမီ မီးပူ တိုက်တဲ့ ပုံစံကို သေချာ ကြည့်ပီး လိုက်လုပ်နေတာ။

သားသားကို ဓာတ်ပုံရိုက်နေပါလား

သားသားကို ဓာတ်ပုံရိုက်နေပါလား

ကင်မရာက flash လင်းသွားလို့ သားသားကို ဓာတ်ပုံ ရိုက်ပေးနေတာ ရိတ်မိသွားပီလေ။

အကဲခတ်နေတယ်နော်။

အကဲခတ်နေတယ်နော်။

ကင်မရာမီးလေးကလည်း တဖြတ်ဖြတ်နဲ့ မီးပူတိုက်တမ်းလည်း ဆက်ကစားချင်၊ ကင်မရာလည်း လာကိုင်ချင်နဲ့ မီးပူဆီ အာရုံ ပြန်စိုက်လို့ မရတော့ပါဘူး။ သားသားက ငယ်ငယ်တုန်းကပဲ ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ရင် သိပ်စိတ်မ၀င်စားတာ။ အခုက လ ၂၀ သားဆိုတော့ တော်တော် တတ်နေပီ။ ခလုတ်တွေကို ကောင်းကောင်းကိုင်တွယ် အသုံးချတတ်တဲ့ အရွှယ်ရောက်နေပီလေ။ မာမီက များသောအားဖြင့် ကင်မရာနဲ့ သားသား အလစ်ကလေးမှာ မြန်မြန်ရိုက်။ သားသား လာယူဖို့ ခြေလှမ်းစပီဆိုတာနဲ့ ကင်မရာကို အမြင့်ပေါ်တင်နေကြ။ အခုက သားသားက သူ့ကို ၂ ပုံလောက် ရိုက်တာကို ငြိမ်ပီး ထိုင်နေရင်းနဲ့ အကဲခတ်နေလို့ နောက်တစ်ပုံလည်း ရိုက်မယ်လုပ်ရော ….

လာ .. ပါ ... ပြီ ဗျာ

လာ .. ပါ ... ပြီ ဗျာ

လာပါပြီခင်ဗျား။ ကင်မရာကို ကိုင်ဖို့ လာနေပါပီ။ ၀မ်းသာ ပျော်ရွှင်စွာနဲ့ပေါ့။ သားသား ဒီတစ်ခါတော့ ကင်မရာ ကိုင်လို့ ရတော့မယ်ဆိုပီး မျှော်လင့်ချက်လေးနဲ့ပေါ့။


ဆပ်ပြာဗူးပေါင်းလေးတွေနဲ့အတူ

ဆပ်ပြာဗူးပေါင်းလေးတွေနဲ့အတူ

ကင်မရာ မကိုင်ရလို့ ငိုတော့မယ့် သားငယ်ကို အာရုံပြောင်းပီး ရေချိုးဖို့ နှိုးဆော်ပေးလိုက်တာ။ ရေချိုးဖို့ အတွက် ရေချိုးဇလုံထဲမှာ bubble shower တစ်ခွက်စာလောက် အရင်ထည့်ပီး ရေဘုံဘိုင်ကနေ ရေဖြည့်လိုက်တော့ ဆပ်ပြာဗူးပေါင်းတွေ တက်လာတာကို သားသားက သဘောကျနေတာလေ။


bubble

bubble

စိတ်ဝင်စားနေတယ်။

စိတ်ဝင်စားနေတယ်။

အခုမှပဲ လှည့်ကြည့်တော့တယ်

အခုမှပဲ လှည့်ကြည့်တော့တယ်

ဆပ်ပြာဗူးပေါင်းလေးတွေနဲ့ ရေချိုးပီဆို ကျန်တာ စိတ်မ၀င်စားတော့ဘူး။ bubble တွေနဲ့ မျိုးစုံ ဆော့နေရတာကိုပဲ ပျော်နေတာ။ မမ Angel ကလည်း သားသားကို စပီး ဆပ်ပြာဗူးပေါင်းတွေနဲ့ မုတ်ဆိတ်မွှေးတွေ လုပ်ပေး၊ ခေါင်းပေါ်တွေ တင်နဲ့။ မာမီက မျက်စိထဲ ၀င်မှာစိုးလို့။ ပါးစပ်ကောပေါ့။ အဲဒါ wet tissue နဲ့ လိုက်သုတ်နေတာ။