Henry’s development

  • 20 Months


စာဖတ်နေသော သားသား

စာဖတ်နေသော သားသား

သားသားက စာဖတ်တာ ၀ါသနာပါတယ်။ စာအုပ်မှာ လက်ညိုးလေး ထောက်ပီး ဒါ ဘာလဲး မေး မေးနေတတ်တာ။ စာအုပ်ထဲက ပုံနဲ့ အပြင်ကဟာတွေနဲ့ကို နှိုင်းယှဉ်ပီး တွဲတတ်နေပီ။ စာအုပ်ထဲက ice cream ပုံနဲ့ အပြင်မှာ ရေခဲမုန့် စားရင် သူ့က စာအုပ်ကို သွားယူလာပီး လက်ညိုးထိုး ပြနေတာ။ ဒါက ဘီစကစ်၊ ချောကလက်၊ ice cream အဲလိုမျိုးလေး။

စာဖတ်ဝါသနာပါသော မောင်နှမ

စာဖတ်ဝါသနာပါသော မောင်နှမ

25.7.09 စနေနေ့က ဘလော့တွေမှာ ကလေးကဗျာလေးတွေ ဖတ်ဖြစ်ပီး သားလေးကို အမူအရာလုပ် သင်ပေးလိုက်တော့ ချက်ချင်းသင် ချက်ချင်းတတ်၊ အနောက်က စာလုံးလေးတွေကို လိုက်ဆိုနဲ့ ။

အနီရောင်လေးတွေက သားသား လိုက်ဆိုတဲ့ စာလုံးလေးတွေ …

ယုန်ကလေးက နားရွှက်ထောင်

ပညာရှိယောင်ယောင် (မာမီ အလွယ်သင်ပေးလိုက်တဲ့ အမူအရာ – ခေါင်းပေါ်မှာ လက်၂ချောင်းထောင်)

ကြောင်လေးက လက်သည်းကွက်

ခြောက်လိုက်ရတဲ့ ကြွက် (လက်ကလေးကို စုပီး ရှေ့မှာ လှုပ်ပြတာ)

ရွှေဇီးကွက်ကြီး ကုနြေ္ဒ ဘုရင်ကြီးလိုနေ ( ဆရာကြီးစတိုင် လက်ပိုက်ထားတဲ့ ပုံစံ)

မိုးလေ၀သ ဗေဒင်ဟော တောက်တဲ့ ကိုလူပြော (လက်ညိုးလေးထောင်နေတာ)

ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ခေါင်းညိတ်ရတယ်ဆို (ခေါင်းညိတ်နေတဲ့ ပုံစံ)

ရွှေကျီးညို လာပါတော့ ဧည့်သည် လာပါတော့ (လက်ကလေးနဲ့ လာ လာလို့ ခေါ်နေတဲ့ ပုံစံ)

ယုန်ကလေးက နားရွှက်ထောင် ကဗျာနဲ့ အမူအရာလုပ်နေတဲ့ လ ၂၀ သားသားလေး ဗီဒီယို

  • 16 Months

သားလေး ၁၆လသားလောက်မှာ လုပ်တတ်နေတာကတော့ ကိုယ်ကို တစ်ပတ်လည် လည်ပီး မူးသွားရင် ထိုင်ချပလိုက်တယ်။ မာမီ ကွင်းထိုး ဘိနပ်တွေကို ယူစီးရတာ တော်တော်ကြိုက်တတ်တယ်။ အဲဒီ ဘိနပ်စီးပီးရင် အပြင်သွားတတ်တာကို သိနေတော့ ဘိနပ်စီးမယ်။ မာမီ ပိုက်ဆံအိတ်ကို လွယ်မယ်။ အိမ်သော့ယူမယ် ဆိုတာချည်းပဲ။ အပြင်ကို အရမ်း ကြိုက်တတ်နေသလို လူလည်း မကြောက်တတ်ဘူး။ တွေ့တဲ့လူတိုင်းကိုလည်း ရီပြနေတော့တာပဲ။ မာမီ နဲ့ မမ Angel နဲ့များ ကွာပါ့။

ဒီပုံလေးကတော့ မမ Angel ရေကူးကန်မှာ စီးတဲ့ ကွင်းထိုးဘိနပ်ကို ယူစီးပီး လမ်းလျှောက်နေတာ။ အိမ်မှာ ရှိတဲ့ ကွင်းထိုးဖိနပ်တွေ အကုန်လုံး တွေ့တာနဲ့ လျှောက်စီးနေတော့တာပဲ။ ဘဘ ဘိနပ်လည်း မချွတ်ထားနဲ့။ ချွတ်ထားတာနဲ့ သားသားက စီးပီးသားပဲ။ ခြေစုံ Jamp လည်း ခုန်တတ်နေပီ။ သွားက အပေါ် ၆ချောင်း အောက် ၄ချောင်း (အဖြူအရာလေး ၂ချောင်းကတော့ အောက်ဘက်မှာ နည်းနည်းပေါ်နေပီ)

video link : 16 Months – Henry plays slide at Super One Shopping Mall (လျှောကို မောက်ပီး စီးနေတာလေ၊)


  • 15 Months

သားသားလေး .. circle, traingle, square တို့ကို ထည့်နေတာ။ ဆော့တာတော့ အရမ်းပဲ။ အရုပ်တွေလည်း အများကြီးပဲ။ နောက်ပိုင်းတော့ play & learn လုပ်နိုင်တဲ့ အရုပ်မျိုးတွေကိုပဲ ရွှေးပီး ၀ယ်ဖြစ်တော့တယ်။

” Hello … Hello , ဟုတ်ကဲ့ပါ။ ကြားတယ်။ စားမယ်။ သွားမယ်။ ဆော့မယ်။ okay, bye “

နံရံမှာ ချိတ်ထားတဲ့ တယ်လီဖုန်းကို ပြောဖို့ ကြိုးစားနေပုံ။ တယ်လီဖုန်း ပျက်မှာစိုးလို့ နံရံမှာ ချိတ်ထားတာကို မရ ရအောင် ဖုန်းခွက်ကို ရအောင် ယူပီး စကားပြောနေတာ။ မာမီက ဒယ်ဒီနဲ့ အင်တာနက် VZO web cam ကနေတဆင့် စကားပြောနေတာ။ အနောက်မှာ သားသားက တယ်လီဖုန်း ကြိုးကို လှုပ်ချပီး စကားပြောနေတာ။ ဒယ်ဒီတောင် အွန်လိုင်းကနေတဆင့် တိုက်ရိုက်ကြီး တွေ့လိုက်သေး။ အင်တာနက် web cam နဲ့ နံရံမှာ ချိတ်ထားတဲ့ တယ်လီဖုန်းနဲ့က မျက်နှာချင်းဆိုင်မို့လို့လေ။ မာမီလည်း ချက်ချင်း တယ်လီဖုန်းကို သားသားဆီက ပြန်ယူ သူ့ နေရာပြန်ထား။ ကင်မရာကို ယူပီး ချက်ချင်း အမှတ်တရ မှတ်တမ်းတင်လိုက်တာ။ သားသားနဲ့ သမီးလေးကိုတော့ မာမီ အတတ်နိုင်ဆုံး မဆူဘူး။ မရိုက်ဘူး။ နှုတ်ကနေ တဆင့်ပဲ ဆုံးမတယ်။ မလုပ်စေချင်တဲ့အရာတွေကို စကတည်းကကို ရှောင်ထားလိုက်တယ်။ ဥပမာ သားသား အိမ်ဖွတာ မကြိုက်ဘူး။ စာအုပ်တွေ စီဒီချပ်တွေ ဖွတာ မကြိုက်ဘူးဆို အဲဒီပစ္စည်းတွေကို အခန်း သပ်သပ်ထားပီး သိမ်းထားလိုက်တယ်။ ကလေးတွေ သွားလို့ရတဲ့ နေရာတွေပဲ အတတ်နိုင်ဆုံးသွားတယ်။ တချို့ နေရာတွေက လူကြီးတွေနဲ့ဆိုတော့ ကလေးတွေကို တဟန့် ဟန့်နဲ့ ဟန့်နေရတာ ကိုယ့်ဘာသာ ကိုယ် စိတ်ဆင်းရဲလို့လေ။ ကလေးလည်း စိတ်ပင်ပန်း။ သူ လုပ်ချင်တာကို လုပ်လို့မရ။ မာမီလည်း စိတ်ညစ်ခဲ့ဖူးတော့ နောက်ဆို သွားကို မသွားတော့တာ။ စကတည်းကကို သားသားနဲ့ သမီးလေးတို့ မလုပ်စေချင်တဲ့အရာတွေကို မာမီက ရှောင်ထားလိုက်တာပါ။ ချစ်လွန်းတော့လည်း မဆူရက်ဘူးကွယ်။

သားသား ခြေတွန်းကားလေးကို စီးနေတာ။ စီးနေရင်းနဲ့ mommy ကို မြင်တော့ mom … mom လို့ ပီပီသသ ခေါ်နေတာ။

  • 14 Months

သားလေး ကုတင်ပေါ်ကို တွဲတက်နေတာ။ ကုလားထိုင်တို့ mommy တို့ ကုတင်က သားသား ၆ လ သားလောက်ကတည်းက တက် တတ်နေတာ။ သားသားရဲ့ ကုတင် အမြင့်ကိုကျတော့ အခု ၁၄ လ သားလောက်မှ တက် တတ်နေတာ။ (၂၃.၄.၀၉) Google video က အခုရက်ပိုင်း upload video လုပ်လို့မရ။

We are no longer offering uploads to Google Video. This information is for those who have previously used Google Video to upload their videos. ဒီစာတမ်းပေါ်နေတယ်။ Google ဘက်ကနေဖြစ်နေတာ။

Myspace video နဲ့ တင်ထားတဲ့ ဒီဖိုင်ဆိုဒ်က 140 MB လောက်ရှိတယ်။ google video upload က 100 MB ပဲ upload ပေးထားတာ။ ဒါနဲ့ အရင်တုန်းက ဖိုင်ဆိုဒ်ကြိးလို့ မတင်လိုက်ရတဲ့ ဗီဒီယိုတွေကို myspace upload လုပ်ပီး တင်ထားလိုက်တာ။ သားနဲ့ သမီးအတွက် အမှတ်တရလေးတွေ။


၁၄လသားလေး သူ့ရဲ့ ကုတင်ပေါ်ကို တွယ်တက်လိုက် ကုတင်ပေါ်ကနေ ခုန်ချလိုက်လုပ်နေတဲ့ ဗီဒီယို

  • 13 Months

Daddy ကလည်း သည်းသည်း … လှေကားကို ကုတင်မှာ ကပ်ပီး ထားလိုက်ပီ Daddy ရေ။ ခိုင်ခံတဲ့ လှေကားချိတ်တဲ့ သံချိတ်လေးတွေ ပါတယ်နော်။ သားသား ကိုယ်စား mommy ပြောပြမယ်။ သူ့ အိပ်ရာက နိုးလာရင် လျှောစီးပီး ဆင်းလို့ရတဲ့ လျှောပါတဲ့ ခုတင် ၀ယ်ပေးပါတဲ့။ 😛

~~~~ @@@ ~~~~
သားသား ၂ထပ် ကုတင်လှေကားကို တက်လိုက်ဆင်းလိုက် လုပ်တတ်နေတာ ။ သတိထား ကြည့်နေရတယ်။ သူ့ကိုယ့်သူတော့ လက်ကို မြဲနေအောင် ကိုင်ထားတာပဲ။ daddy, mommy & Angel အသည်းပေါက်မတတ်ချစ်ရတဲ့ သားသားလေးမို့လို့ မျက်စိကို ဒေါက်ထောက်ပီးကြည့်နေရတယ်. မျက်စိအောက်ကကို အပျောက်မခံရဲဘူး။ မလိုအပ်ရင်တော့ အဲဒီ dressing room ကို တံခါးပိတ်ထားလိုက်တယ်။ လှေကားပေါ်က ပြုတ်ကျမှာ ကြောက်လို့လေ။


သားလေး လျှပ်စစ် မော်တော်ဆိုင်ကယ်ကို မောင်းနေပုံ

သားလေး လျှော အမြင့်ကို မကြောက် မလန့် ပျော်ရွှင်စွာနဲ့ စီးနိုင်တဲ့ သတ္တိကို ဗီဒီယို မှတ်တမ်း တင်ထားတာ။

  • 1 year old

သားလေးက ၁ နှစ် မပြည့်ခင်လောက်ကလေးက ပိုက်နဲ့ ရေသောက်တာတို့ cocacola သောက်တာ၊ green tea သောက်တာ လုပ်တတ်နေပီ။ သူ့ မွေးနေ့ မှာ ၀ယ်ထားတဲ့ လေမှုပ် ဆော့တဲ့ ဟာလေးကို လည်း သူ့က သဘောကျပီး မှုပ်တတ်နေပီ။

  • 11 Months

သားလေး ၁၁ လ နဲ့ ခဲတံကို ကိုင်ပီး စာရွှက်မှာ လျှောက်ခြစ်တာကို အမှတ်တရ။ ၁၁ လ လေးနဲ့ ခဲတံကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ် ပုံလေး။

  • 9 Months

သားလေး ၉ လနဲ့ ဘယ်သူမှ မသင်ပေးဘဲနဲ့ သားသားဘာသာ လမ်းလျှောက်နိုင်တာကို ၀မ်းမြောက် ဂုဏ်ယူစွာနဲ့ မှတ်တမ်း တင်ထားတာ။
  • 8 Months
သားလေး ၈လသားလောက်က ၀ါရန်တာကို မသွားစေချင်လို့ သုံးဘီးစက်ဘီးလေးနဲ့ ကာထားတာကို စက်ဘီးအောက်ကနေ လေးဘက်ထောက်ပီး သွားနေတာကို သဘောကျလွန်းလို့ ရိုက်ထားတာ။

  • 6 1/2 Months

သားလေး ၆ လခွဲနဲ့ လေးဘက်ထောက်တာကို သားလေးအတွက် ၀မ်းမြောက်စွာနဲ့ မှတ်တမ်း တင်ထားတဲ့ ပုံလေး။
သားသားက သတင်းစာလာရင် တံခါးအောက်ကနေ security က ထားတာကို သွားယူချင်နေတာကြာပီလေ။ သူ့ ၅လ နဲ့ ထိုင်နိုင်ပီး နောက်ပိုင်း တံခါးဆီကို မောက်ပီး သွားလိုက် လေးဘက်ထောက်ပီးသွားလိုက် နဲ့ caterpillar သွားသလိုမျိုးလေး သွားနေရာကနေ ၆လခွဲလောက်မှာ လေးဘက်ကောင်းကောင်း သွားနိုင်တာ။

  • 5 Months

သားလေး ၅ လနဲ့ ထိုင်နိုင်တာကို ဓာတ်ပုံ မှတ်တမ်း တင်ထားတဲ့ ပုံလေး။

  • 3 Months

သားလေး ၃ လနဲ့ မောက်တဲ့ ပုံလေး။

  • 5 Weeks

5 ပတ်သားလေး ရီပြနေပုံ

Advertisements

ပါးကွက်လေးနဲ့

ပါးကွက်လေးနဲ့ သမီးလေး Angel

ပါးကွက်လေးနဲ့ သမီးလေး Angel

ပါးကွက်လေးနဲ့ သားသား

ပါးကွက်လေးနဲ့ သားသား

ဘေးတစောင်းအပြုံး

ဘေးတစောင်းအပြုံး

ဒယ်ဒီနဲ့က မနက်စာ စားတဲ့အချိန် (မနက်ဖက်)တွေပဲ အွန်လိုင်းကနေ တွေ့နေရတာ ဆိုတော့ သားသားနဲ့ သမီးလေး ရေချိုးအပီး သနပ်ခါးပါးကွက်လိမ်းခြယ်ထားတဲ့ ပုံမျိုးတွေ မတွေ့ဖူးလို့ အမှတ်တရ သိမ်းထားလိုက်တာပါ။

ရေချိုးအပီးဆို အလွယ်ဆုံး ဖြစ်နေတဲ့ lotion လေးလိမ်း၊ ပေါင်ဒါမှုန့်လေး ရိုက်လိုက်နဲ့ပေါ့။ Farlin က ပေါင်ဒါမှုန့် ထည့်တဲ့တို့ပတ် အထဲကို ပေါင်ဒါမှုန့် ထည့်ပီး သုံးတော့ ပေါင်ဒါမှုန့်ထည့်ထားတဲ့ တို့ဖတ်က ပါးပေါ်ကို တို့လိုက်ရင် အများကြီး မထွက်လာတော့ဘူး။ အဆင်ပြေတယ်။

ရေချိုးအပီး baby massage လုပ်ပေးသေးတာဆိုတော့ lotion လိမ်းထားမှ အဆင်ပြေတာလေ။ အခု နောက်ပိုင်း သားသားက သူ့ကို baby massage လုပ်ပေးရင် သဘောကျနေပီ။ ညဘက် အိပ်ခါနီးလည်း သားသားကို baby massage လုပ်ပေးရသေးတယ်။

သားသား မွေးကာစက …. ဆေးရုံက နာစ်မ ပြောတာက ကလေးကို သိပ်ငယ်ရင် ပေါင်ဒါ မသုံးပါနဲ့အုံး။ ရင်ကျပ်မှာ စိုးလို့တဲ့။

ခြင်ဆေးခွေ အနံ၊ ခြင်ဆေးဗူးအနံ၊ ပေါင်ဒါမှုန့် တွေကြောင့်လဲး ရင်ကျပ်တတ်တယ်ဆိုလို့ သားသားတောင် တော်တော်ကြီးလာမှ ပေါင်ဒါမှုန့် သုံးဖြစ်တယ်။

ငယ်ငယ်ကတော့ အပြင်သွားရင် နည်းနည်းတော့ လိမ်းတာပေါ့။ လက်ဖ၀ါးမှာ နည်းနည်း ထည့်ပီး သားရဲ့ အသားအရည်ပေါ် ပွတ်ပေးလိုက်ရုံလေး။

သနပ်ခါး ပါးကွက်က သိပ်မထူ မပါးပေါ့နော်။ မမ ငယ်ငယ်တုန်းက ပါးကွက် အရမ်းထူရင် … မမက အိပ်ချင်ရင် … မျက်လုံး ပွတ်တယ်။ အဲဒီ အခါ သနပ်ခါးတွေက မျက်လုံးထဲ ၀င်တတ်လို့။ နောက်ပိုင်း မမကို သနပ်ခါး မလိမ်းဖြစ်တော့တာ။

အဝေးမှုန်


အိမ်ပြင်က အရာတွေကို လိုက်ရှာတမ်း ကစားခြင်း ဗီဒီယို


သမီးတို့ ခေတ်ကျတော့ အင်တာနက်၊ တီဗီဂိမ်း၊ ၂၄နာရီ ကာတွန်းတီဗီလိုင်းနဲ့ဆိုတော့ သမီးလေး အဝေးမှုန်မှာ စိုးလို့ ခဏ ခဏ ပြတင်းပေါက်ကနေ အဝေးကို ကြည့်ပီး ဟိုပစ္စည်းလေး ရှာလိုက်ပါအုံး။ ထီးအနီရှိတဲ့အိမ် အစရှိသဖြင့် အဲလိုမျိုးလေး ရှာခိုင်းပီး သမီးလေးကို အဝေး မမှုန်ဖို့ eye exercise ပေါ့။ မာမီအတွက်လည်း ပါတာပေါ့။ ၃၆ နှစ်ဆိုတော့ မျက်မှန် တပ်ခါနီး အရွှယ်နဲ့ နည်းနည်း နီးစပ်နေသလားလို့လေ။

သမီး မမွေးခင်တုန်းက ကြားဖူးခဲ့တာက ။ အခု နောက်ပိုင်း ကလေးတွေက (၁၅)ပေ ပတ်လည် တိုက်ခန်းနဲ့ နေရတာ တကြောင်း၊ တီဗီ၊ တီဗီဂိမ်း၊ အင်တာနက်ဂိမ်းတွေကြောင့် နုနယ်တဲ့ ကလေးတွေရဲ့ မျက်ကြောတွေက သေသွားပီး အဝေးကို ဆိုရင် သိပ် မသဲကွဲတော့ဘူးတဲ့။ တချိန်လုံး အနီးပဲ ကြည့်ပါများသွားတော့ အဝေးဆိုရင် မှုန်သွားတာ။ ဘယ်အချိန်မှာ မိဘတွေက သတိထားမိသလဲး ဆိုရင် မူလတန်းကျောင်း စတက်တဲ့ ၅ နှစ်အရွှယ်မှာ ကလေးတွေက white board က စာတွေကို ကောင်းကောင်းမဖတ်တတ်တာကနေ သတိထားမိကြတာတဲ့။

တီဗီတို့ ကွန်ပြူတာတို့ကို အနီးကပ် ကြည့်လွန်းပြန်လို့ရှိရင် အားစိုက် ကြည့်ရတာဆိုတော့ eye ball လေးတွေက အလယ်မှာ လာစုပီး စလင်ဒါး စောင်းသွားတတ်တယ်တဲ့။ မျက်စိစွှေသွားတာ။

အဲဒါတွေ ကြားဖူးခဲ့လို့ … မာမီတို့ သားအမိ ၃ယောက်က အိပ်တဲ့ အချိန်ပဲ တီဗီ၊ အင်တာနက် ပိတ်ကြတာဆိုတော့ စိုးရိမ်တာပေါ့နော်။

တီဗီဆို ခပ်ခွာခွာကြည့်။ အင်တာနက်ဆိုရင်လည်း ခပ်ခွာခွာ သုံးကြတာပေါ့။


I wanna to eat u

Original Video – More videos at TinyPic


သားသားနဲ့ သမီးလေး ဆော့နေတဲ့ ဗီဒီယို – ၁


ဗီဒီယို – ၂

သမီးလေးကျောင်းက ပြန်လာတော့ သမီး အခန်းမှာ သားသားက သမီး ၂ထပ်ကုတင်ကို တက်လိုက် ဆင်းလိုက် လုပ်နေလို့ မမ Angel က သူ့ အရုပ်ကြီးနဲ့ ဖမ်းပီး စားမယ်နော် စားမယ်ဆိုပီး စရင်းနဲ့ ဆော့နေကြတာ။ သားသားက အဲဒီတုန်းက ၁၈လ (၁နှစ်နဲ့ ၆လ အရွှယ်တုန်းက) June 6, 09 က ရိုက်ထားတာ။ မောင်နှမ နှစ်ယောက် ဆော့နေကြတာ။ သားသားက အရမ်း သဘောကောင်း။ သူ့ကို ဘာပဲ လုပ်လုပ် ပြုံးနေတာပဲ။

သားနဲ့ သမီးလေးကို ချစ်လွန်းတော့လည်း သားနဲ့ သမီး ရုပ်ပုံလွှာတွေမှန်သမျှ မာမီအတွက် အမှတ်တရ ဖြစ်စေသလို … အဝေးရောက် ဒယ်ဒီအတွက်လည်း အမှတ်တရပါပဲ။

ညစာစားပွဲ

Sedona က ပန်းချီကားအလှနဲ့ သမီးလေး
Sedona က ပန်းချီကားအလှနဲ့ သမီးလေး

ညစာ မစားခင် သားသားက အပြင်ထွက်နေလို့ လိုက်ထိန်းရင်းနဲ့ သမီးလေးကို ဓာတ်ပုံ ရိုက်ပေးထားတာ။

2

ဆီဒိုနားက စန္ဒရား နဲ့ သမီးလေး
ဆီဒိုနားက စန္ဒရား နဲ့ သမီးလေး

Angel

Angel & Angelina (Angel's cousin sister)
Angel & Angelina (Angel’s cousin sister)

other Latt Family က မာမီတို့ Latt Family ကို ဖိတ်ကျွေးတဲ့ ညစာစားပွဲ

Come on

Come on
ပျော်တယ်ဟေ့
ပျော်တယ်ဟေ့
ဆင်ရုပ်ထု
ဆင်ရုပ်ထု
သားသားရေ ... ငြိမ်ငြိမ်ထိုင်၊ ပြုတ်ကျသွားမယ်

သားသားရေ ... ငြိမ်ငြိမ်ထိုင်၊ ပြုတ်ကျသွားမယ်

my son

my son

မာမီ ထမင်းစားနေတုန်း သားလေးကို ခဏထိန်းပေးတဲ့ မငယ်လေ။

အန်တီမျိုးတို့မိသားစု ဖိတ်ကျွေးတဲ့ ညစာ စားပွဲမှာ သမီးနဲ့ သားကတော့ Sedona Hotelေ၇ာက်တာနဲ့ တော်တော်ပျော်ပေါ့။ သမီးလေးကတော့ ခဏ ခဏေ၇ာက်ဖူးတယ်။ သားနဲ့ သမီး မွေးနေ့ကိတ်တွေ လာဝယ်တာတို့။ New Year party နေ့မျိုးတွေဆို ဆီဒိုးနားေ၇ာက်ဖြစ်လို့ပါ။ သားကတော့ ပထမဦးဆုံးေ၇ာက်ဖူးတာပေါ့။ သားလေး ၁ နှစ်ပြည့် မွေးနေ့ကိတ်က ဆီဒိုးနားက ကိတ်မုန့်ပါပဲ။ ဒေါ်လာ ၂၀ ပဲ ပေးရတာပါ။ ချောကလက်တို့ ကိတ်သားတွေက ဒီက ပိုကောင်းလို့လေ။ အပြင်က မွေးနေ့ ကိတ်ထက် ၈ဒေါ်လာ ၁၀ ဒေါ်လာလောက်ပဲ ပိုပေးရတာပါ။ ကိတ်မုန့်ထဲမှာ ထည့်သုံးတဲ့ အရောင်ဆိုးဆေးလည်း ဒီမှာက ပိုစိတ်ချရတယ်။ ကိတ်မုန့်တွေဆို မာမီတို့ များသောအားဖြင့် ချောကလက်ကိတ်ပဲ စားဖြစ်တယ်။ အခြား နီနီရဲရဲ ဒီဇိုင်းတွေ စုံလင်အောင် လှနေပေမယ့်လို့ ဆိုးဆေးတွေ အရမ်းများလွန်းရင် မစားရဲဘူး။ စားတဲ့ ဆိုးဆေးကို သုံးတာလား။ ဘာလား ဆိုတာ မသိလို့ပါ။ ချောကလက်ကိတ်နဲ့ ကာဖီ၊ ရေခဲမုန့်တို့က အလိုက်ဖက်ဆုံးပါပဲ။