Mask

ILBC ကျောင်းမှာတော့ မနေ့ကနဲ့ စာရင် ဒီနေ့ သမီး Angel ကို ကျောင်းသွားကြိုတော့ ကျောင်းသူ / ကျောင်းသား ထက်ဝက်လောက်က နှာခေါင်းစည်းတွေ စည်းထားကြတယ်။ ဒါနဲ့ပဲ City Mart မှာ နှာခေါင်းစည်း Mask ကိုသွားဝယ်တော့ ကုန်သွားပီ။ စီးတီးမတ်က ဆေးဆိုင်မှာ နေ့လည် ၁၂း၃၀ က ပစ္စည်းတွေရောက် တစ်ခုကို ၁၅၀ကျပ် နဲ့ တစ်ယောက်ကို ၅ခုစီပဲ ရောင်းတာတောင် ၁နာရီအတွင်းကုန်သွားတယ်။

အိမ်နားက ဆေးဆိုင်မှာ မေးကြည့်တော့ ရှိတယ်။ ကြိုက်သလောက်ယူ တစ်ခု ၃၀၀ ကျပ် တဲ့ ။ ဗူးလိုက်ကို ချရောင်းတာ။ ၂၀ ခုပဲ ၀ယ်လာခဲ့ လိုက်တယ်။

ILBC မှာ သောကြာနေ့ကျရင် ၀ါဆို ကန်တော့ပွဲ ရှိတယ်။ ကျောင်းသူ / ကျောင်းသား အားလုံး မြန်မာ အကျီ ၀တ်ရမှာ။ မနှစ်က သမီး ရဲ့ မြန်မာ အကျီက သေးသွားပီ။ ဒီနေ့ စကော့ဈေး သွားမလို့ပဲ။ ဒီနေ့က လခ ထုတ်ရက်ဆိုတော့ စကော့ဈေးမှာ လူများမယ် ထင်လို့ မနက်ဖြန်မှပဲ သွားလိုက်တော့မယ်။

2008 ILBC ၀ါဆို ကန့်တော့ပွဲတုန်းက မြန်မာအကျီနဲ့ သမီး Angel

2008 ILBC ၀ါဆို ကန့်တော့ပွဲတုန်းက မြန်မာအကျီနဲ့ သမီး Angel

MP 4 Video ကြည့်နေတဲ့ သားသား

MP 4 Video ကြည့်နေတဲ့ သားသား

Mp4 သီချင်း ကြိုက်တဲ့ သားသား

Mp4 သီချင်း ကြိုက်တဲ့ သားသား

MP4 ယူလိုက်လို့ စိတ်ဆိုးပီး ခြေဆောင့်နေတဲ့ သားသား

MP4 ယူလိုက်လို့ စိတ်ဆိုးပီး ခြေဆောင့်နေတဲ့ သားသား

my son က အခု နောက်ပိုင်း MP4 သီချင်းတွေ အရမ်းကြိုက်နေပီ။ Akon ဆို တော်တော်ကြိုက်။ ၁၉ လသားလေးရဲ့ ငယ်ဘ၀တုန်းက ၀ါသနာလေးတွေ မှတ်ထားလိုက်တာပါ။

Advertisements

Baby Massage

သားသားကို မွေးကာစတုန်းက စင်ကာပူက အစ်မ အီးမေလ်းနဲ့ ပို့ပေးလို့ Johnson’s baby massage ကို ပုံလေးတွေကြည့်ပီး သားသား ရေချိုးအပီး lotion လိမ်းအပီး အဲဒီအချိန်တွေ က နှိပ်ပေးဖြစ်သေးတယ်။

နောက်ပိုင်းကျတော့ သားသားက အငြိမ်မနေတော့တာနဲ့ မနှိပ်ဖြစ်တာ ကြာပေါ့ သားသားရယ် ….

အဲဒီလို သားသားကို နှိပ်ပေးတော့ သားသားက လေမနာဘူး။ အစာ ပိုဝင်တယ်။

အခု မာမီလည်း သားလေးကို ကိုယ်ခန္ဒာ ဖွံဖြိုး ကြီးထွားဖို့ ဂူဂဲလ်ကနေ ဘယ်လို လုပ်ရမလဲး ဆိုပီး ရှာဖွေ လိုက်တာ How to massage your baby for health and happies ဒီဝပ်ဆိုဒ်လေးကို တွေ့လို့ ဒီဆိုဒ်မှာ မှတ်ထားလိုက်တာ။ မာမီလည်း ကွန်ပြူတာ ကီးဘုတ်နဲ့ သုံးတာ လက် တွေ့နေလား မသိဘူး။ စာ ဆို လက်နဲ့ကို မရေးချင်တော့ဘူး။ 😛

နောက် ၄ .. ၅ … ၆ လကြာရင် သားလေး အခြေအနေ ခန့်မှန်းလို့ ရအောင်လို့ ဒီနေရာလေးမှာ နေ့စွဲနဲ့ မှတ်ထားလိုက်တာ သားလေးရေ …

Milk powder

သမီး နဲ့ သား သောက်တဲ့ နို့မှုန့်

သမီး နဲ့ သား သောက်တဲ့ နို့မှုန့်

သားသားက အသက် တစ်နှစ်ခွဲ ရှိပီ။ ဖွံဖြိုးမှု အဆင့်ဆင့် က အသက်ထက် စောနေပေမယ့် ကိုယ်အလေးချိန်က ယောက်ျားလေးမို့လို့လည်း ပါသလို … အစာလည်း ဂျီးများလို့ ကိုယ်အလေးချိန်တိုးအောင် သောက်ဖို့ မာမီဝယ်ပေးထားတဲ့ နို့မှုန့်

သမီးလေးက အသက် ၇နှစ် ရှိပီ။ သမီး အရပ်က အသက်နဲ့စာရင် နိမ့်လည်း မနိမ့်ပေမယ့် မြင့်လည်း မမြင့်လို့ သမီးကော သားကော သောက်လို့ရတဲ့ အသက် ၁ နှစ်ကနေ ၁၀ နှစ်ထိ သောက်လို့ရတဲ့ နို့မှုန့်။

မြန်မာမှာတော့ တစ်ဗူးကို 31700 ကျပ် (city mart super mart) ကနေ ၀ယ်လာတဲ့ Pedia sure complete milk powder.

Record : သမီးနဲ့ သား ငယ်ငယ်တုန်းက သောက်ခဲ့တဲ့ နို့မှုန့်တံဆိပ်ကို မှတ်ထားလိုက်တာ။

Hand made BD card

BD card စာအိတ် (အရှေ့ဘက်ခြမ်း)

BD card စာအိတ် (အရှေ့ဘက်ခြမ်း)

Angel အတန်းထဲက ဆုရတနာမောင် ရဲ့ ညီမလေး 1 နှစ်ပြည့် မွေးနေ့ အတန်းထဲမှာ မွေးနေ့ အမှတ်တရ အနေနဲ့ ဖိုင်လက်ဆောင်ပေးပီး မိုင်လို တိုက်တယ်ဆိုလို့ ဆုရတနာမောင် ညီမလေးအတွက် မွေးနေ့ လက်ဆောင်ပေးရင်း တစ်နေ့က shopping mall မှာ တွေ့လို့ ၀ယ်လာတဲ့ sticker လေးတွေနဲ့ သမီးက hand made birthday card လေး လက်ဆောင်ပေးတယ်။

သမီး Angel က ပထမ ဦးဆုံး A4 pink paper ကို ခေါက်ချိုး ချိုးပီး ဘေး ၂ဖက်ကို double tape ကပ် အပေါ်ကို ဖွင့်ထားတဲ့ နေရာကို စာအိတ် ခေါက်ဖို့ အပြား သေးသေးလေး ခေါက်ချိုး ချိုးထားလိုက်သေးတယ်။

ပီးတော့ သူက စာအိတ် မှာ ပေတံနဲ့ မျဉ်းကြောင်း ဆွဲပီး To. Htu Yadanar Mg ဘေးက sticker ကပ်ထားတဲ့ ပုံက စာတိုက်ပုံးလေး။

အောက်နားမှာ From, Angel Mg Mg ဘေးက ကပ်ထားတဲ့ မှို မှာ Good friend ဆိုတဲ့ စာတမ်းလေးလည်း ပါတယ်။

စာအိတ် ကျောဘက်

စာအိတ် ကျောဘက်

စာအိတ်က သူ လုပ်ထားတာ ရိုးရိုး ရှင်းရှင်းပါပဲ။ ပုံကိုတော့ သူ့က တစ်ပုံပဲ ကပ်ထားတယ်။ ပန်းခြင်းလေး best wishes ဆိုတဲ့ စာတမ်းပါတဲ့ ပန်းခြင်းလေး။

BD card (page 1)

BD card (page 1)

အထဲက Birthday Card ကတော့ ပန်းေ၇ာင် စက္ကူပဲ ။ အဲဒီမှာလည်း သူ့က မျဉ်းကြောင်းဆွဲပီး Happy Birthday ကို သမီး ဆီမှာ ရှိတဲ့ color soft pen တွေနဲ့ စာတစ်လုံးကို တစ်ရောင်စီေ၇းထားတာ။ ပီးတော့ ကပ်ထားတဲ့ စတစ်ကာက မွေးနေ့ ကိတ်လေး။

BD card (page 2)

BD card (page 2)

ဆုရတနာမောင် ညီမလေး မို့လို့ ဘေဘီ မစ်နီမော့စ် က နို့ဗူးနဲ့ လေးဘက်ထောက်လေး ပုံ။ ဘေး ၂ဖက်ကတော့ လှုပ်မြင်းလေး ၂ကောင်ပုံ အပေါ်ထောင့်နားကတော့ Birthday sticker

BD card (page 3)

BD card (page 3)

ဒါကတော့ သမီး Angel ရေးထားတာ။ ထုံးစံအတိုင်း မျဉ်းကြောင်း အရင် ဆွဲပီး။ အဲဒီ လိုင်းပေါ်မှာ ရေးထားတာ။ အောက်နားက Angel Mg Mg ပေါ်မှာ ကစ်တီ အိန်ဂျယ်က သမီးလေးကို ကိုယ်စားပြုပုံ ကပ်ထားတာတဲ့။

သမီးက baby brother မှတ်လို့ ကတ်မှာ ရေးပီး ပေးလိုက်တာ။ baby sister ဖြစ်နေတယ်။ 😛

BD card (page 4)

BD card (page 4)

Birthday card ရဲ့ ကျောဖုံးလေး။ ကလေး မွေးနေ့ကတ်ဆိုတော့ ဘေဘီ မစ်ကီမော့စ်နဲ့ ဘေဘီ မစ်နီ မော့စ်က ကားမောင်းနေတဲ့ ပုံလေးတွေ။

Bubble (birthday present)

Bubble (birthday present)


sticker

sticker

ဒါကတော့ shopping mall က တွေ့လို့ ၀ယ်လာတာ။ အဲဒီ ကတ် တစ်ကတ်ကို ၅၀၀ ကျပ် (ပုံကတော့ ၈ ခုကျော်လောက်ပါတတ်တယ်) စတစ်ကာက ၂ထပ်ဆိုတော့ တစ်မျိုးလေး ဆန်းတယ်။ မွေးနေ့ကတ်တွေကို သမီးက သူ့ဘာသာ သူ့ ဖန်တီး ရတာ သဘောကျတယ်။ shopping mall တွေကနေ birthday card တွေ ၀ယ်လို့ရပေမယ့် သူ့ကိုယ်တိုင် စာလေးတွေရေး ပုံလေးတွေဆွဲပီး စတစ်ကာလေးတွေ ကပ်တာကို သမီးက ၀ါသနာ ပါတာလေ။

သမီး ကျောင်းစတက်တော့ class room မှာ ထားဖို့ ကျောင်းသားအားလုံးရဲ့ ပစ္စည်းလေးတွေယူလာဖို့ထဲမှာ story book ယူလာခိုင်းတယ်။

(အိမ်မှာရှိတဲ့ story book အပြင် သမီး ဖန်တီးပီး ရေးထားတဲ့ story book လေးကို စာအုပ်ပုံစံ ချုပ်ထားတဲ့ ပုံပြင်စာအုပ်ကိုပါ သမီးက ကျောင်းက အတန်းထဲမှာ ထားတယ်။) သမီးလေးရဲ့ ၀ါသနာလေ။

ပန်းအိုး (အိမ်မှာ ပန်းအိုးမရှိလို့ ၀ယ်ပီး အတန်းထဲမှာ ထားတယ်။ ပန်းအိုး မယူလာလည်း ရပါတယ်။ ဒါကတော့ as u like ပါပဲ)

ကတ်ကြေး၊ ကော်ဗူး

class room pet ဖိုး တစ်ယောက်ကို တစ်ထောင်ပဲ ပေးရတယ်။ ကျေးကျုတ်လို့ ထင်တာပဲ။ သမီး ပြောပုံအရကို ခန့်မှန်းကြည့်တာပါ။ သမီးကတော့ parrot လို့ ပြောတယ်။ ၂ကောင်။ pet monitor စုဝေေ၀က ငှက်ကလေးအိမ် အတွက် အစာဖြည့်ရ။ ရေဖြည့်ရတယ်လို့ သမီးက ပြောတယ်။ တစ်တန်းလုံးက ငှက်ကလေး ၂ကောင်ကို အရမ်းချစ်ကြတယ်။ သမီးကတော့ uniform monitor. ယူနီဖောင်းဝတ်ထားတာတွေ သပ်ရပ်မှု ရှိ မရှိ စစ်ဆေးရတာ။

3 နှစ်သမီးကတည်းက အဲဒီ ကျောင်းမှာ တက်လာခဲ့တော့လည်း သမီးက ကျောင်းမှာ တော်တော်ပျော်ပေါ့။ သူငယ်ချင်းတွေကလည်း ကျောင်းစတက်ကတည်းက ငယ်သူငယ်ချင်းတွေချည်းပဲ။ အတန်းတွေက အတန်းကြီးတွေကျမှပဲ အတန်းခွဲတာလေ။

ဈေးလည်းဝယ်ရင်း ကစားကွင်းသွား

June 12, 09 က ဝေဇယန္တာ ရှော့ပင်းမော်က ကစားကွင်းမှာ ဆော့နေတဲ့ သားနဲ့ သမီး ဓာတ်ပုံJune 12, 09 (Fri) သမီး ကျောင်းက အပြန် အိမ်နားလေးက ဝေဇယန္တာ shopping Mall ကိုသွားပီး အဲဒီက play ground မှာ ဆော့။ Mall ရောက်တော့ ပထမ ဦးဆုံး သားနဲ့ သမီးကို နေ့လည်စာ Moon & barkery မှာ ဒန်းစီးရင်း စားကြ။ ပီးမှ အပေါ်ထပ်က play ground မှာ ဆော့။ ဆော့တော့ တခြားကလေးတွေ ဘယ်သူမှ မရှိ။ သားနဲ့ သမီး ၂ယောက်တည်းပဲ။ ပီးမှ ပဲ အောက်ထပ်မှာ သားလေးကို ကားတွန်းလှည်း ဈေးဝယ်တွန်းလှည်းထဲ ထည့်ပီး ဈေးဝယ်။

June 12, 09 က ဝေဇယန္တာ ရှော့ပင်းမော်က ကစားကွင်းမှာ ဆော့နေတဲ့ သားနဲ့ သမီး ဓာတ်ပုံ