15 Months



ရေချိုးအပီး ၁၅လ သားလေး။ မျက်နှာသုတ်ပုဝါချုံထည်လေးနဲ့ အမှတ်တရ။ချစ်လွန်းတော့လည်း သားလေးနဲ့ ပတ်သက်လာတဲ့ အရာရာဟာ mommy အတွက် အမှတ်တရတွေချည်းပါပဲ။


၄၅ ရက်သား ကတုံး တုံးပေးထားတဲ့ သားသားနဲ့ ၁၅လ သား သွား ၈ ချောင်း ပေါက်နေတဲ့ ကတုံးတုံးပေးထားတဲ့ သားသားလေး
  • 15 Months


သားလေးကို ဒီနေ့ ဆံပင်ညှပ်ပီး ကတုံး တုံးပေးလိုက်တယ်။
မြန်မာနိုင်ငံမှာ အခုဆို တော်တော်ပူနေပီလေ။
ချစ်စရာကောင်းတဲ့ သားလေး … ကတုံး တုံးပေးလိုက်တော့ ဥပဓိရုပ်လေးက ထွက်လာပီး မွေးကာစ ကလေးလိုမျိုးပဲ။
အနောက်က ပစ္စည်းလေးကတော့ မြန်မာအခေါ် ဂွေဝိုင်းပါ။ သားသားက ၉ လနဲ့ လမ်းလျှောက်ပီး နောက်ပိုင်း အဲဒီ ဂွေဝိုင်းကို အသုံးမပြုဖြစ်တော့ဘူး။ အဲဒါနဲ့ ဂွေဝိုင်းမှာ ထိုင်တဲ့ အ၀တ်ကို ဖြုတ်ပီး သံစုံမြည် တီးလုံးပါတဲ့ အိမ်သာအိုး ကို လိုသလို အသုံးချပီး ထမင်းကျွေးတဲ့အခါ ဂွေဝိုင်းထဲ ထည့်သုံးလိုက်တော့ baby dinning chair ဖြစ်သွားပါတော့တယ်။ အဲဒီ ဂွေဝိုင်းလည်း သားသား တစ်လသားလောက်ကတည်းက အသုံးပြုလာတာ အခု ထက်ထိကို သုံးနေရတုံးပဲ။ ကလေးပစ္စည်း အသုံးဆောင်တွေထဲမှာတော့ သုံးရတာ အတန်ဆုံးပဲ။
ဘေးကတော့ ပေါင်ချိန်စက်။ သားသား အလေးချိန် မှန်မှန်ချိန်ကြည့်နေရတဲ့စက်။



Advertisements

15 လသားလေး ကတုံး တုံးပီးကာစ

သားလေးက သီချင်းဆိုရင် ကနေတတ်တာ ၆လ သားကတည်းကပါဗျှ …

15 လ သားလေး ကတုံး တုံးပီးကာစ သီချင်းလေးနဲ့ ကနေတာကို မမ Angel က ချစ်လွန်းလို့ လိုက်ပီးနမ်းနေတာကို အမှတ်တရ။

Date : Febuary – 28, 2009 (Sat)