Baby walk

 

YouTube : http://youtu.be/LpI_18d3k7k

သားသားနဲ့ သမီးလေး kid room မှာ အရုပ်တွေနဲ့ ဆော့နေတုန်း။ သားသားက လေးဘက်ထောက်ပီး တအိမ်လုံး လျှောက်သွားနိုင်တဲ့ အရွှယ်ကနေ စပီး ကိုင်စရာ တခု ခုကို တွေ့ရင် ဆွဲကိုင်ပီး မတ်တတ်ရပ် တတ်နေပီလေ။

အဲလို မတ်တတ်ရပ်နေရင်းကနေ ဘေးတိုက် ရွှေ့ ရွှေ့ပီး သွားလိုက်။

နံရံတွေကို ကိုင်ပီး သွားလိုက်။ (နံရံမှာ ပုံလေးတွေ ကပ်ထားတော့ ကိုင်ရင်း ပုံတွေကို ကြည့်တာ။)

ခုံလေးတွေ စားပွဲလေးကို ကိုင်ရင်းလည်း လမ်းလျှောက်လိုက်။

ခုံလေးတွေကို တွန်းရင်းနဲ့ အဝေးကြီး လမ်းလျှောက်လိုက်။

ကိုင်စရာ မရှိတဲ့ နေရာ ကျရင် ခြေ တလှမ်း ၄ ၅ လှမ်းလောက်ကို အလွတ် လျှောက်တတ်နေရာကနေ သားလေး ၉ လသား အရွှယ်မှာ kid room အခန်းဝမှာ ရှိတဲ့ မာမီဆီကို တစိုက် မတ်မတ် အူးယား ဖားယား ၀မ်းသာ အားရ လာနေတဲ့ ပုံလေးကို ဗီဒီယို မှတ်တမ်းတင်လိုက်တာပါ။

ဒီဗီဒီယိုလေးက သားလေး ပထမဦးဆုံး အကြိမ် လမ်းလျှောက်တတ်တဲ့ ဗီဒီယိုလေး လည်း ဟုတ်သလို နောက် လ အနည်းငယ်မှာ မာမီ မနည်း လိုက်ဆွဲရမယ့် ခြေလှမ်း ကျဲကျဲတွေပေါ့။

ဒီဗီဒီယိုလေးက မာမီ အကြိုက်ဆုံး မိသားစုဗီဒီယိုလေးပါပဲ။

Advertisements