မုန့်ဟင်းခါး

ငါးဖယ်ကြော် (ready made)

ကြက်သွန်ဖြူကြော် (ဆီချက်အတွက်) ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပီး ဆီချက်လုပ်ထားတာကို ပိုကြိုက်တယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးပီး ကြော်တာလည်း ကြိုက်ပေမယ့် အဲလို ကြက်သွန်ဖြူကြော် အ၀ိုင်းလေးတွေကျတော့ ငပိကြော်လိုမျိုးမှာ ပိုကြိုက်တယ်။

ကြက်သွန်ဖြူ ဆီချက်

ပဲကြော်

နံနံပင်

မုန့်ဟင်းခါး ဟင်း၇ည်

မုန့်ဟင်းခါး

ဒီ နေ့ ထပ်ပီးတော့ ချက်စားဖြစ်တဲ့ မုန့်ဟင်းခါး ~~~~~~

ပဲကြော် ( ဒီပဲကြော်ထုပ်က ပိုစားကောင်းတယ်။ အကြော်မှုန့် ပါးပါးလေး နဲ့ ကြော်ထားပီး ဆီလည်း သန့်တယ်) တစ်ထုပ် ၁၀ ခုကို ၅၀၀ ကျပ်

ကြက်သွန်ဖြူ ဆီချက်

မုန့်ဟင်းခါး

မုန့်ဟင်းခါး ဟင်းရည်အိုး

မုန့်ဟင်းခါး မုန့်ဖတ် (ဒီထက် အမျှင်သေးရင် ပိုစားကောင်းတယ်)

မုန့်ဟင်းခါး ( ပဲကြော်ကို မုန့်ဟင်းရည် ထည့်ပီးမှ အပေါ်က ခြေထည့်တာ ကောင်းပါတယ်။ ကိုယ်က အခု စားတော့မှာ မို့လို့ ဟင်းရည် ထည့်လိုက်တာ)

ပဲကြော် နဲ့ ဟင်းရည် တွဲစားတာ ( အကောင်းဆုံးက ဟင်းရည်ထည့်ပီးမှ အပေါ်ကနေ ပဲကြော်ကို ခြေပါ)

အုန်းနို့ခေါက်ဆွဲ

အုန်းနို့ခေါက်ဆွဲ ဟင်းရည်

ခေါက်ဆွဲ

ကြက်ဥပြုတ်

မုန့်ကြွပ်အကြော်

ပဲကြော်

ပါးပါးလှီးပီး ရေဆေးထားသော ကြက်သွန်နီ

အုန်းနို့ခေါက်ဆွဲ

အုန်းနို့ခေါက်ဆွဲ

ကလေးများရဲ့ အုန်းနို့ ခေါက်ဆွဲ ပန်းကန်

မာမီကတော့ အုန်းနို့ ခေါက်ဆွဲ စားရင် ငရုတ်သီးမှုန့် မထည့်ဘူး။ သံပုရာသီးကို များများ ညစ်ပီး စားတယ်။ အဲလို ချဉ် ပီး စိမ့်တဲ့ အရသာလေးကို ကြိုက်လို့။

ဆီ နှင့် ဆိုးဆေး

ဆီကို တော့ ဆီသန့်ပဲ သုံးရဲတယ်။
ရန်ကုန်မှာနေတုန်းကတော့ ပဲပိစပ်ဆီ သုံးသလို capital hyper mart မှာ စင်ကာပူက လာတဲ့ ကြက်ဖ ပုံ နဲ့ တံဆိပ်ကို ၀ယ်သုံးတယ်။ ၅ ပိသာဗူးလောက်ရှိမယ်။

နေကြာစေ့ဆိုလည်း စားလို့ မရဘူး။ ဘာဖြစ်လို့မှန်း မသိဘူး။ နေကြာစေ့ တထုပ်ကုန်ခါနီးကျရင် နှာခေါင်းတွေက ယားလာတယ်။ 
တချို့ အစားအသောက်ကျတော့ မျက်တောင်မွှေးယားတာ။ မျက်လုံး ယားတယ် ထင်ပီး မျက်စိအပေါ်က ရှေ့ဆံပင် ရှည်နေလို့ ထင်ပီး မျက်လုံကို ခဏ ခဏပွတ်တာပေါ့။ 
နောက်မှ သိတာက ဆိုးဆေးပါတဲ့ အစားအသောက် တခု ခု သွားစားမိလို့ မျက်တောင် တို့ နှာခေါင်းတို့ ယားတာတဲ့။ 
ဆီမသန့်တဲ့ အစားအသောက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောတယ်။
ကြေးအိုးကျတော့ လည်း နောက်ပိုင်း ဆိုင်မှာ သွားမစားဖြစ်ဘူး။ 
အိမ်ကို ပါဆယ်ယူလာ။ အိမ်ကျရင် ရေနွေးထပ်ရောပီး ကြေးအိုး ကြာဇံအဖတ် နှင့် အသားတွေပဲ စားတယ်။ 
မုန့်ဟင်းခါးလည်း အဲလိုမျိုးပဲ အိမ်ကို ပါဆယ် ၀ယ်လာပီး အိမ်ကျရင် ရေနွေး ထပ်ရောလိုက်တယ်။ 
အချိုမှုန့် နဲ့ ချက်ထားတဲ့ အစားအသောက်တွေကို စားလည်း စားချင်တယ်။ 
အဲဒါတွေ စားပီး အကြောတက်မှာ ကြောက်တယ်လေ။
များသောအားဖြင့်က လက်ဖက် ၂ ပြန်ကြော်တွေ နဲ့ အရသာမှုန့် လွန်ကဲ ပီး စားလိုက်ရင် ပါးစပ်ထဲမှာ ချို ရဲ ရဲ အရသာ ကျန်နေတဲ့ အစားအသောက်တွေဆိုရင် စားပီးရင် ခေါင်းအုံတယ်။

ဇက်ကြောတက်တယ်။

ဇက်ကြောတက်လာရင် … ဇက်ကြော ကို နှိပ်။ မေးရိုးကို အဆင့်ဆင့်နှိပ်ပီး နှာခေါင်းနားဆီ၊ နားထင်က နေ အဆင့်ဆင့် နှာတံ ထိပ်နားဆီ နှိပ်ပေးမှ။ ပိတ်ဆို့နေတဲ့ လေ လေး ထွက်သွားပီး နေလို့ ထိုင်လို့ ကောင်းသွားတာ။ 

ကိုယ် သွားလေရာမှာ hand wash အမြဲ ပါ ပါတယ်။ လက်ကို ဆေး နေတတ်တာက နမိုးနီးယားရောဂါ ရမှာစိုးလို့ပါ။ 

အိပ်ရေးလည်း အပျက်ခံလို့ မရသလို၊ ကိုယ်ခံအားလည်း ကောင်းမှ ။ 

လူက ကျန်းမာတယ်။ ထင်ရပေမယ့် တခါတလေ အိပ်ရေးပျက်၊ အစားကောင်းကောင်းမစားရင် ကိုယ်ခံအားလည်း မကောင်းတော့ ကိုယ် အတွက် နမိုးနီးယားပိုး ပိုဝင်လွယ်ပါတယ်။ 
နမိုးနီးယားပိုးဝင်ရင် ကိုယ့် အကြောက်ဆုံးက ဦးနှောက်အမြေးပါး ယောင်မှာကိုပါ။

ကိုယ့်နာမည် ” သက် ” ဆိုတဲ့ အတိုင်း … ကိုယ် ငယ်ငယ်က အပြင်းဖျားရင် တက် တတ်တာမို့ … ကိုယ့် အတွက် နမိုးနီးယားပိုးက မ၀င်အောင် … ကြိုတင်ကာကွယ်နိုင်မှ တော်ကာကျတာပါ။
နမိုးနီးယားပိုးကြောင့် … ဦးနှောက်အမြေးပါး ယောင်ရင် ဦးနှောက် အပေါ်ယံ အရေအိတ်တွေ ကြီးလာလိမ့်မယ်။
အဲဒီ အခါ ဦးနှောက်ကို သွားဖိမိရင် မှတ်ဥာဏ် စွမ်းအားတွေ .. လျှော့နည်းလာလိမ့်မယ်။

ရန်ကုန်မှာ နေတုန်းက ကိုယ် အကြမ်းရေးထားတဲ့ ပိုစ့်ပါ။

2009 က လက်ဆောင်

Cali Gear

ဒီ ပိုစ့် ကို ပြန်ဖတ်ပီး … အဲဒီတုန်းက 2009 အချိန်တွေကို သတိရမိပါသေးတယ်။ အမျိုးက ဒီလိုပဲ အိမ်က ကလေး အတွက် သတိတရ ရန်ကုန်မြို့က… US made တွေချည်း သီးသန့် ရောင်းတဲ့ ဆိုင်က လက်ဆောင် ၀ယ်ပေးတာကို ကိုယ်က ဓာတ်ပုံတွေရိုက်၊ ဘလော့ပေါ် အမှတ်တရတင်ခဲ့တာ။
အဲဒီအချိန်တုန်းကလည်း အဲဒီ ဈေးနှုန်းတွေကို @ – @ 2009 တုန်းက မြန်မာမှာ အိမ်က ကလေးတွေအတွက် ယိုးဒယား made နဲ့ china made တွေကို သေချာရွှေးပီး ၀ယ်ပေးတယ်။ အကျီဆို ချွေး စုပ်တဲ့ အသာမျိုး၊ ဖိနပ်ဆို ချော်မလဲကျမယ့်။ သက်တောင့်သက်သာ စီးလို့ရမယ့် ဖိနပ်မျိုး ၀ယ်ပေးတယ်။ ဈေးကလည်း တချို့လည်း ဈေး ကြီးသလို … တချို့လည်း အသင့် သင့်ပါပဲ။
အခု အမေရိကားကို ရောက်တော့ ဒီ ဓာတ်ပုံထဲက ပစည်းတွေ ကြည့်ပီး ရီချင်တယ်။ လက်ဆောင်ရတဲ့ 2009 တုန်းကလည်း ကိုယ့် ပိုစ့်ထဲမှာ ထည့်ရေးဖူးသေးတယ်။ အဲဒီ အချိန်တုန်းက ကိုယ့်ရဲ့ Thet Nandar Family ( wordpress blog ) readers –  good value guests တွေ ဖတ်ဖူးတာမို့ မှတ်မိမှာပါ။ အခု .. အဲဒီပိုစ့်ကို ပြန်စိစစ်ပီး ရန်ကုန်က ဆိုင်ပိုင်ရှင်များလည်း မထိခိုက်အောင် ရေးထားပါတယ်။ အဲဒီဆိုင် ရန်ကုန်မှာ ရှိသေးလား။ မရှိတော့ဘူးလားတော့ မသိပါဘူး။
USမှာ ရှိတဲ့ outlet က ပစည်းမျိုး၊ only USA ပစည်းမျိုး၊ လျှော့ဈေးကာလ ပစည်းမျိုးနဲ့ ရန်ကုန်ဘက်က လူက အင်တာနက်ကနေ ကြည့်ပီး လှမ်းမှာတဲ့ ပစည်းမျိုးပဲ ရန်ကုန်ကို ပြန်သွင်းတာ ကိုက်မယ်လို့ ထင်ပါတယ်။ ရန်ကုန်မှာက ယိုးဒယား၊ တရုတ်က ပစည်းမျိုးတွေ အလွယ်တကူ ၀ယ်လို့ရနေတော့ ပစည်းချင်းတူရင်တောင် US က သွင်းလာတဲ့ ပစည်းနဲ့ ဈေးခြင်း အရမ်းကွာတယ်။ ယိုးဒယား၊ တရုတ်က လာပေမယ့် … အမေရိကားက သယ်လာတဲ့ ပစည်းမျိုးကို … အရည်အသွေး လည်း ကောင်းကောင်းမှီပါတယ်။
အပေါ် ဓာတ်ပုံထဲ Cali Gear ဘိနပ်တစ်ရံကို ၁၂၀၀၀ ကျပ်။ အလျှော်လည်း ခံတယ်။ ဘိနပ်မှာ တပ်ဆင်ထားတဲ့ အရုပ်လေးတွေလည်း ပြောင်းပီး ဒီဇိုင်းဆင်လို့ ရတယ်။ ဆန်းလည်း ဆန်းတယ်။

Bacteria Resistant

 ဒါက ဖိနပ်မှာ အလှဆင်တပ်ဖို့ ။ ကြယ်သီးလိုမျိုးပဲ။ ဖိနပ် ရှေ့က အ၀ိုင်းပေါက်လေးတွေမှာ ဖြုတ်တပ်ပီး ကိုယ် ကြိုက်တဲ့ ဒီဇိုင်းနဲ့ အလှဆင်ပီး ဖိနပ် စီးဖို့ အတွက်တဲ့။ ၄ ခုကို ၆၀၀၀ ကျပ်  အပိုထပ်ဝယ်လာပေးတာတဲ့။ သမီးက ဒီဇိုင်း ဆင်ရတာ ကြိုက်တယ်ဆိုတော့ သမီးအတွက် အတော်ပါပဲ။

4 breeze-itz
The Children Place

 The Children’s Place တံဆိပ်။ ဦးထုပ်က ၈၀၀၀ ကျပ်။  ယိုးဒယား ဦးထုပ်တွေလည်း ဒီဇိုင်း အစုံရှိပါတယ်။ သမီးလေး Shwe Pu Zun နဲ့ ILBC Trip သွားတုန်းက ဆောင်းထားတဲ့ ဦးထုပ်ဆိုရင် တစ်လုံးမှ ၂၀၀၀ ကျပ် ကျော်ပဲ ပေးရတာပါ။ ဒီဇိုင်းလည်း လှတယ်။

carter's let's play socks

 ခြေအိတ်က original price က ၁၂ ဒေါ်လာ။ Kyat = ၁၁၀၀၀ ကျပ်။

Tooth brush

၈၀၀၀ ကျပ် တဲ့။ ဘက်ထရီနဲ့ ကလေး သွားတိုက်တံတောင်မှ မြန်မာမှာ ၇၅၀၀ ကျပ် ပဲ ပေးရတာပါ။ စီးတီးမတ်မှာ ၀ယ်လို့ရပါတယ်။

Summer time fun

 မျက်မှန်ကတော့ တန်တယ်လို့ ထင်သည်။ ဘာလို့လည်းဆိုရင် သင်္ကြန် shopping mall တွေမှာ ရောင်းတဲ့ မျက်မှန်တွေက တစ်ခုမှ ၁၀၀၀ ကျပ် ကျော်လေးပဲ ဆိုပေမယ့် နေရောင်ခြည်ထဲ သွားရင် မှန်တွေက ပူတော့ ကလေး မျက်လုံး ထိခိုက်နိုင်လို့ ၀ယ်ကို မ၀ယ်တာ။ ဒီ အမေရိကန်က သွင်းလာတဲ့ မျက်မှန်က စိတ်ချရမယ် ထင်တယ်။

The Children Place

 အတန်ဆုံးက ဒီဖိနပ်ပဲ။ ၆၀၀၀ ကျပ်။ သားသား ဖိနပ်တွေက တစ်ရံကို အနည်းဆုံး ၅၀၀၀ ကျပ် လောက် ရှိတာ။ ဒီ ဖိနပ်ကျတော့ ဒီဇိုင်းလည်း ဆန်းတယ်။ ဒီပုံစံမျိုး သားသား ဆီမှာလည်း မရှိသေးဘူး။
အဲဒီ ဆိုင်မှာ computer laptop နဲ့ အခြား အမေရိကန်ဖြစ် ပစ္စည်းတွေ တော်တော်များများ ဒီဇိုင်းစုံ ရှိတယ်လို့ ပြောတယ်။ သွားကြည့်မယ်ဆိုပီး အမေရိကားကို ထွက်လာတဲ့ အထိ သွားမကြည့်ဖြစ်ဘူး။ တချို့ ဆိုင် တွေက ဒေါ်လာဈေးနဲ့ တွက်ပီး ဈေးနှုံး သတ်မှတ် တတ်ပေမယ့် တချို့ ဆိုင်တွေက လူကြိုက် များနိုင်မယ့် ပစ္စည်း၊ ဒီဇိုင်းလှတဲ့ ပစ္စည်းတွေကို ဈေးပိုတင်တတ်တယ်။
အခု အမေရိကား ရောက်လာတော့လေ … Made in USA ဆိုတာ အစားအသောက်တွေပဲ ပေါပေါများများ မြင်ရပါတယ်။
ဈေးအသင့်သင့် ပစည်းမျိုးတွေက Made in China
အကျီတွေက နိုင်ငံစုံပဲ .. Made in USA ဆိုတာ တော်တော်ကို ရှားနေပါပြီ။
ကိုယ် ဒီပိုစ့်ကို ပြန်ဖတ်ပီး တမင်တကာ ပြန်တင်ထားတာပါ။
အမေရိကားမှာ စက်ရုံခေတ် ပြန်လည် ထွန်းကားလာမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ။
အခုဆို 1930-1912 အထိ အောင်မြင် လူကြိုက်များတဲ့ … အစားအသောက် စက်ရုံတောင် ပိတ်သိမ်းကုန်ပါပီ။

thiriyatanar.wordpress

ရွှေမြန်မာနိုင်ငံမှာ နေထိုင်စဉ် အချိန်ကာလမှာ ရေးခဲ့တဲ့ ဒီ ဘလော့ အဟောင်းကို လိပ်စာ နာမည်ပြောင်းလိုက်ပါတယ်။

wordpress blog မှာ blog address ပြောင်းပုံ ပြောင်းနည်း အဆင့်ဆင့်ကို ပြောပြပေးပါမယ်။

အရင်တုန်းက ဘလော့လိပ်စာက – thetnandarfamily.wordpress.com

အခု ပြောင်းလိုက်တဲ့ ဘလော့လိပ်စာက – thiriyatanar.wordpress.com

ပထမဦးဆုံး wordpress.com မှာ log in ၀င်ပါ။

ပီးရင် Dashboard ကို ၀င်ပါ။

Dashboard မှာ My blog ကို ရွှေးပါ။

ပုံမှာ ပြထားတဲ့ အတိုင်း change blog address ကို ရွှေးပါ။

New blog address :

Confirm : နေရာမှာ ( မိမိပြောင်းလိုသော ဘလော့လိပ်စာ နာမည် ) thiriyatanar ကိုရေးပီး

အောက်နားမှာ .. no ကို ရွှေးရင် wordpress.com မှာ အရင် username နာမည်ကိုပဲ ပြန်သုံးလို့ရပါတယ်။

ကိုယ့်ရဲ့ user name က thetnandarfamily မို့ မပြောင်းချင်ပါဘူး။

ဒါကြောင့် No ရွှေးပါတယ်။

thiriyanar.wordpress.com ဘလော့ လိပ်စာ နာမည်ပြောင်းတာ confirm ဖြစ်ပီ ဆိုရင် I’m sure ကို click နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့ ဘလော့က နာမည် ပြောင်းသွားပါပြီ ..

thiriyanar.wordpress.com